AD
AD
AD

မြန်မာ့လက်ရွေစင်အမျိုးသားဘောလုံးအသင်းနဲ့ ထိုင်းလက်ရွေးစင်အမျိုးသားဘောလုံးအသင်းတို့ ရန်ကုန်မြို့ မှာ ခြေစမ်းပွဲယှဉ်ပြိုင်ကစားသွားမယ်လို့ သိရပါတယ်။

play

 

အဲဒီခြေစမ်းပွဲကို နိုဝင်ဘာ ၉ ရက်နေ့ သုဝဏ္ဏကွင်းမှာ ပြုလုပ်မှာဖြစ်ပြီး ကျင်းပမယ့်အချိန်ကို မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ ထိုင်းဘောလုံးအဖွဲ့ချုပ်တို့ ဆက်လက်ညှိနှိုင်းနေတယ်လို့ သိရပါတယ်။ခြေစမ်းပွဲကစားဖို့ အပြီးသတ်သဘောတူညီမှုရထားပြီးသွားပြီး ရုပ်သံထုတ်လွှင့်ဖို့ ညှိနှိုင်းနေတာကြောင့် ကျင်းပမယ့်အချိန်ကို အတည်ပြုမရသေးတာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းနဲ့ ခြေစမ်းပွဲကစားမယ့် ထိုင်းလက်ရွေးစင်အမျိုးသားဘောလုံး အသင်းဟာ နည်းပြချုပ်အပြောင်းအလဲပြုလုပ်ထားပြီး အရင်နည်းပြဟောင်းကိုင်တီဆတ်အစား ဆာဘီယားနိုင်ငံသား ရာယီဗက်ကို အစားထိုးခန့်အပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းနဲ့ ထိုင်းလက်ရွေးစင်အမျိုးသားဘောလုံးအသင်းတို့ဟာ ၂ဝ၁၆ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ၊ ဆီမီးဖိုင်နယ်မှာ နောက်ဆုံးအကြိမ်တွေ့ဆုံထားပြီး ပထမအကျော့မှာ ၂ဂိုး ဂိုးမရှိ၊ ဒုတိယအကျော့မှာ ၄ဂိုး ဂိုးမရှိနဲ့ ထိုင်းအသင်းက (၂)ကျော့စလုံးအနိုင်ရရှိထားတာ ဖြစ်ပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD