AD
AD
AD
play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ကစားသမား၊ နောက်ခံလူ ရွန်နီဂျွန်ဆင်နဲ့ နည်းပြနှစ်ဦးက မြန်မာနိုင်ငံကို လာရောက်ကာရက်တိုဘောလုံးသင်တန်းတွေ ပို့ချသွားမယ်လို့ သိရပါတယ်။

မန်ယူအသင်းနဲ့ စပွန်ဆာစာချုပ်ချုပ်ဆိုထားတဲ့ Manda ကုမ္ပဏီတို့ ပူးပေါင်းပြီး Manchester United Soccer School Program အဖြစ် ရွန်နီဂျွန်ဆင်နဲ့ နည်းပြနှစ်ဦးက ရန်ကုန်မြို့နဲ့ ပုသိမ်မြို့တို့မှာ မေလ ၁၁ ကနေ ၁၅ ရက်အထိ ငါးရက်ကြာ မြန်မာလူငယ်တွေအတွက် ဘောလုံးသင်တန်း ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

ဂျပန်အခြေစိုက် Manda ကုမ္ပဏီက မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးနဲ့ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းတွေရောင်းချတဲ့ ကုမ္ပဏီဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ တရားဝင် Nutritional Supplement Partner ဖြစ်သည်။ အဆိုပါအစီအစဉ်နဲ့ ပတ်သတ်တဲ့ အသေးစိတ်အချက်တွေကိုတော့ လာမယ့် မေလ ၁၁ ရက်မှာပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားမယ်လို့ ဆိုပါတယ်။

play

 

‘‘အသေးစိတ်ကတော့ သတင်းစာရှင်းလင်းပွဲမှာ ပြောပြ သွားပါမယ်။ ရန်ကုန်မှာ ဘောလုံးသင်တန်းလေးလုပ်မယ်။ ပြီးရင် ဧရာဝတီတိုင်းကိုသွားပြီး ဘောလုံးသင်တန်းနဲ့ ဘောလုံးအ ထောက်အကူပစ္စည်းတွေလှူတာ တွေလုပ်ဖို့ စီစဉ်ထားပါတယ်’’လို့ Manda ကုမ္ပဏီ တာဝန်ရှိသူက ပြောပါတယ်။

အသက် (၄၇)နှစ်အရွယ်ရှိနေပြီး ဖြစ်တဲ့ နော်ဝေးနိုင်ငံသားရွန်နီဂျွန်ဆင်က မန်ချက်စတာယူနိုက်တက်အသင်းမှာ ၁၉၉၆ ခုနစ်ကနေ ၂၀၀၂ အထိ ပွဲပေါင်း ၉၉ ပွဲ ကစားခဲ့ကာ ခုနစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး  မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား လေးကြိမ်နဲ့ အခြားဆုဖလားတွေကိုလည်း ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

Source : 7DayDaily

Photos : Man U Fan

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD