AD
AD
AD
play

 

မန်ယူအသင်းကိုယ်စားပြုပြီး မြန်မာနိုင်ငံကို လာရောက်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိတယ်လို့ မန်ယူ နောက်တန်းကစားသမားဟောင်း ရွန်နီဂျွန်ဆင်က ပြောကြားလိုက်တယ်လို့ သိရပါတယ်။

DVB သတင်းဌာနရဲ့ ဖော်ပြချက်အရ ရွန်နီဂျွန်ဆင်ဟာ မန်ယူအသင်း အကယ်ဒမီက နည်းပြ ၂ ဦးနဲ့အတူ မြန်မာလူငယ်ကစားသမားတွေကို ဘောလုံးနည်းစနစ်တွေ လေ့ကျင့်သင်ကြားပေးဖို့ မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက ဘောလုံးဝါသနာရှင် လူငယ်တွေအတွက် မန်ယူအကယ်ဒမီက အတွေ့အကြုံရှိ နည်းပြ ၂ ဦးနဲ့အတူ ဘောလုံးပညာနဲ့ပတ်သက်ပြီး အကောင်းဆုံး အတွေးအခေါ်တွေနဲ့ နည်းစနစ်တွေကို လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်တယ်လို့ ရွန်နီဂျွန်ဆင်က ပြောထားပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - အင်တာမီလန် ယူ-၁၈ အသင်းနဲ့ မြန်မာလူငယ်အသင်း ခြေစမ်းမယ်)

play

 

မန်ယူကစားသမားဟောင်း ရွန်နီဂျွန်ဆင်နဲ့ အကယ်ဒမီနည်းပြတွေဖြစ်တဲ့ အန်ဒရူးဒစ်ဆင်၊ ရော်ဘင်ဗန်ဒါလန်းတို့ဟာ မေလ ၁၁ ရက်နဲ့ ၁၂ ရက်တွေမှာ ရန်ကုန်မြို့မှာရှိတဲ့ လူငယ်ကစားသမားတွေကို ဘောလုံးပညာတွေ လေ့ကျင့်သင်ကြားပေးမှာဖြစ်ပြီး မေလ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ ပုသိမ်မြို့ကို သွားရောက်ကာ ဘောလုံးပညာတွေ လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်။

အသက် ၄၇ နှစ်ရှိ နော်ဝေလက်ရွေးစင်ဟောင်း ရွန်နီဂျွန်ဆင်ဟာ မန်ယူအသင်းမှာ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်အထိ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၄ လုံး၊ ချန်ပီယံလိဂ်ဖလား ၁ လုံး၊ အက်ဖ်အေဖလား ၁ လုံးရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ် ။၁၉၉၉ ခုနှစ်မှာ ဖလားသုံးလုံးရခဲ့တဲ့ မန်ယူအသင်းမှာ ပါဝင်ခဲ့သူဖြစ်ပြီး အဆိုပါနှစ်ဟာ ကစားသမားဘဝ အမှတ်တရအဖြစ်ဆုံးလို့လည်း ရွန်နီဂျွန်ဆင်က ပြောထားပါတယ်။

မန်ယူအသင်းအနေနဲ့ နည်းပြမော်ရင်ဟိုရဲ့ လက်အောက်မှာ လမ်းကြောင်းမှန်ကို ပြန်ရောက်လာပြီဖြစ်ပြီး လာမယ့်ရာသီမှာ ပိုကောင်းလာမှာဖြစ်တယ်လို့လည်း ရွန်နီဂျွန်ဆင်က ပြောထားကြောင်း သိရပါတယ်။

မန်ယူကစားသမားဟောင်း ရွန်နီဂျွန်ဆင်နဲ့ အကယ်ဒနီနည်းပြ ၂ ဦးတို့ဟာ ဂျပန်အခြေစိုက် ကျန်းမာရေးစားသောက်ကုန်ထုတ်လုပ်တဲ့ ကုမ္ပဏီတခုဖြစ်တဲ့ Manda Fermentation ရဲ့ အစီအစဉ်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

Photos & Source: DVB, Myanmar Football Federation

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD