AD
AD
AD
play

 

နိုဝင်ဘာလ ၃ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့ One Championship ( Hero's Dream ) ပြိုင်ပွဲမှာ နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ အောင်လအန်ဆန်နဲ့ ကမ္ဘာ့ဟဲဗီးဝိတ်တန်း မွေထိုင်းချန်ပီယံ အလိန်းဂါလာနီနဲ့ ထိုးသတ်ခဲ့တဲ့ပွဲက လုပ်ပွဲမဟုတ်ဘူးလို့ ပွဲစီစဉ်သူ ဦးဇေသီဟက ပြောလိုက်ပါတယ်။

MMA မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က ပြိုင်ဘက်ကို ပထမအချီ လေးမိနစ်နဲ့ အကျော်မှာပဲ မြန်မြန်ဆန်ဆန်အနိုင်ရရှိခဲ့လို့ ဝေဖန်မှုတချို့ထွက်ပေါ်လာပြီးနောက် ဦးဇေသီဟ အခုလိုတုံ့ပြန်ပြောဆိုလိုက်တာပါ။

play
အောင်လအန်ဆန်ရဲ့ အပိုင်ချုပ်ကွက်မိသွားတဲ့ အလိန်းဂါလာနီ။

 

"အောင်လကို ဂါလာနီနဲ့ စတည်တုန်းက ပွဲစီစဉ်သူကို ၀ိုင်းဆဲကြတာမှတ်မိမှာပါ။ ဒီလောက်ဝိတ်ကွာတာ ကိုယ့်မြန်မာကို ကိုယ်ပြန်သတ်တယ်ဆို ပြီးတော့လေ။ ပွဲမစခင်အချိန်ထိ ဂါလာနီအနိုင်ပဲ ပေးတဲ့လူတွေများပါတယ်။ အခု အောင်လ နိုင်ပြန်တော့လဲ လုပ်ပွဲလားတဲ့.. လုပ်ပွဲသာ ဖြစ်ခဲ့မယ်ဆိုရင် ၅ ချီထိ ဆွဲခေါ် ထိုးသွားမှာပါ။ ဘာဖြစ်လို့လဲသိလား။ Skynetမှာ လက်ခံထားတဲ့ ကြေငြာတွေကို ဘယ်လို ပြန်ရှင်းပေးရမလဲဆိုတာ တွေးကြည့်ပေါ့။ ဒီတစ်ခေါက် Skynet ကြေညာက တစ် round စာပဲရလို့ မကိုက်ဘူးဆိုတာ အားလုံးသိစေချင်ပါတယ်"လို့ ဦးဇေသီဟက နိုဝင်ဘာ ၄ ရက်နေ့ ညပိုင်းက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

အောင်လအန်ဆန်က သူ့ရဲ့ပြိုင်ဘက် အလိန်းဂါလာနီကို နှစ်ချီအတွင်းအလဲထိုးအနိုင်ယူမယ်လို့ ပြောထားခဲ့ပေမယ့် ပထမအချီမှာပဲ သူ့ရဲ့အပိုင်ချုပ်ကွက်ဖြစ်တဲ့ လည်ပင်းညှစ်အလွတ်ချုပ်တဲ့အကွက်နဲ့ အနိုင်ယူနိုင်ခဲ့တာပါ။

ဒီပွဲစဉ်မှာ ပြိုင်ဘက် အလိန်းဂါလာနီက အားကြီးတဲ့ ကစားသမားဖြစ်တာကြောင့် အောင်လအန်ဆန်အပိုင်ချုပ်နိုင်ဖို့ အသည်းအသန် ကြိုးစားခဲ့ရပြီး သူ့ရဲ့အပိုင်ချုပ်ကွက်ထဲဝင်ဖို့ သုံးလေးကြိမ်ကြိုးစားခဲ့ရကာ အစပိုင်းမှာတော့ ပြန်လွတ်ထွက်ခဲ့ပြီး နောက်ဆုံးအကြိမ်မှာတော့ ပိုင်ပိုင်နိုင်နိုင်ချုပ်မိပြီး အနိုင်ရရှိခဲ့တာပါ။

Photos : One Championship

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD