AD
AD
AD

ရန်ကုန်ယူနိုက်တက်အသင်းက ၃ နှစ်စာချုပ်နဲ့ စာချုပ်ချုပ်ဆိုခေါ်ယူခဲ့တဲ့ ဟံသာဝတီယူနိုက်တက်ကစားသမား မောင်မောင်လွင်ကို ပြည်ပ ကလပ်အသင်းတစ်သင်းသင်းက ကမ်းလှမ်းလာပါက ကစားသမား ဆန္ဒအရ ပြန်လည်ညှိနှိုင်းဆောင်ရွက်ကာ ခွင့်ပြုပေးနိုင်ရေး ဆောင်ရွက်ပေးသွား မယ်လို့ ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးမျိုးမင်းထွန်းက ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

ဦးမျိုးမင်းထွန်းက ပြောရာမှာတော့ -“အမှန်အတိုင်းပြောရရင် ကစားသမား တွေရဲ့ဘ၀ကိုမြှင့်တင်ပေးတာပါ။ ကလပ်အသင်းအတွက်ဆိုပေမယ့် ကျွန်တော်တို့ကနိုင်ငံအသင်းအတွက် အလုပ်လုပ်နေတာပါ။ နိုင်ငံအသင်းအတွက် ကောင်းမွန်တဲ့ အပြောင်း အရွေ့မျိုးဆိုရင် ကလပ်အသင်းအနေနဲ့ အနစ် နာခံဖို့ အဆင်သင့်ပါပဲ။ တကယ်လို့ ပြည်ပကလပ်က လာကမ်းလှမ်းလာရင် အသင်းတာဝန်ရှိသူတွေရယ်၊ ဟိုဘက်က ကမ်းလှမ်းတဲ့သူရယ်၊ မောင်မောင်လွင်ရယ် သုံးဦးသုံးဖက် ညှိနှိုင်းမှုလုပ်ပြီး ကစားသမားကလည်း သွားချင်တယ်။ သူ့အတွက်လည်း တိုးတက်မှုရှိတယ် ဆိုရင် ခွင့်မပြုစရာမရှိပါဘူး။” လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

play
ရန်ကုန်နည်းပြချုပ် ဦးမျိုးမင်းထွန်း

 

မောင်မောင်လွင်ကို ထိုင်းလိဂ်(၁)ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ရစ်ချတ်ဘူရီအသင်းက ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပေမယ့်လည်း မောင်မောင်လွင်အနေနဲ့ ရန်ကုန်အသင်းနဲ့ စာချုပ်ချုပ်ဆိုပြီး ပြီဖြစ်သဖြင့် သွားရောက်ကစားနိုင်တော့ခြင်း မရှိတော့ကာ လက်ရှိမှာတော့ ရန်ကုန်အသင်းက အဆိုပါ သတင်းမှာ မှန်ကန်မှုရှိပါက ပြန်လည်ကမ်းလှမ်းလာရင် ကစားသမားနဲ့ ညှိနှိုင်း ဆောင်ရွက် ပေးသွားတော့မှာလည်း ဖြစ်ပါတယ်။

 

လက်ရှိမှာတော့ ရတနာပုံအသင်းတိုက်စစ်မှူး အောင်သူမှာ ထိုင်းလိဂ်(၁)ကလပ် Police Tero FC အသင်းထံ တစ်နှစ် အငှားနဲ့ သွားရောက်ကစားပြီ ဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD