AD
AD
AD

ကစားသမားဘ၀ကနေ အနားယူခဲ့ပြီဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်အသင်းမှ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ခင်မောင်လွင်မှာ နည်းပြဘ၀ဖြင့် ဆက်လက်ဖြတ်သန်းမယ်လို့ သိရပါတယ်။

play

 

ခင်မောင်လွင်မှာ ယခုနှစ်ရာသီအကုန်မှာ ရန်ကုန်ယူနိုက်တက်အသင်းမှ အနားယူခဲ့တာဖြစ်ပြီး ကစားသမားဘ၀ တစ်လျှောက် ရန်ကုန်အသင်းနဲ့အတူ လိဂ်ဖလား ချန်ပီယံ ၄ ကြိမ်နဲ့ ရှုံးထွက်ဖလား တစ်ကြိမ် ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

play

 

လက်ရွေးစင်အသင်းအောင်မြင်မှုအဖြစ် ၂၀၀၆ မာဒေးကားဖလားချန်ပီယံဆုကို ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

ခင်မောင်လွင်မှာ အနားယူချိန်တွင် အသက် ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ၂၀၁၁ ခုနှစ်က ရှမ်းယူနိုက်တက်(ယခင် KBZ)အသင်းကနေ ရန်ကုန်အသင်းကိုပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

အနားယူပြီးနောက် နည်းပြဘ၀နဲ့ ဆက်လက်ဖြတ်သန်းဖို့စဉ်စားထားတဲ့ ခင်မောင်လွင်မှာ အေအက်ဖ်စီ အသိအမှတ်ပြု စီ လိုင်စင်အောင်မြင်ပြီးသားလည်း ဖြစ်သလို လာမယ့် နှစ် အေအက်ဖ်စီ ဘီလိုင်စင်ကို ထပ်မံ တက်ရောက်အုံးမယ်လို့လည်းသိရပါတယ်။

နည်းပြဘ၀ကိုတော့ ရန်ကုန်အသင်းနဲ့ စတင်နိုင်ဖို့ အသင်းတာဝန်ရှိသူတွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေပြုလုပ်နေ တယ်လို့လည်းသိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD