AD
AD
AD

ရန်ကုန်ယူနိုက်တက်အသင်းမှ မြန်မာ့လက်ရွေးစင် ယူ-၂၃ နောက်ခံ ကစားသမား သီဟထက်အောင်ကို ထိုင်းကလပ်အသင်းတစ်ခုမှ ကမ်းလှမ်းမှု ပြုလုပ်ဖို့ရှိတယ်လို့ သိရပါတယ်။

play

 

၎င်းအနေနဲ့ ရန်ကုန်ယူနိုက်တက်အသင်းမှာ နေရာမရရှိမှုကြောင့် မနှစ်က ချင်းယူနိုက်တက်အသင်းကို အငှားသွားရောက်ကစားခဲ့ရသူလည်း ဖြစ် ပါတယ်။

play

 

"ပြည်ပထွက်ကစားဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါပြီ။ဒါကြောင့် အေးဂျင့်နဲ့ချိတ်ဆက်ပြီး ပြည်ပထွက်ကစားဖို့ ကြိုးပမ်းနေတာပါ။အခုတော့ အေးဂျင့်ရဲ့ ပြောကြားချက်အရ ထိုင်းဖက်က ကလပ်အသင်းတစ်ခုက ကျွန်တော့်ရဲ့ ရန်ကုန်အသင်းကို တရားဝင်ကမ်းလှမ်းမှု ပြုလုပ်မယ်လို့ သိထားရပါတယ်။" လို့ သီဟထက်အောင်က Duwun Sports ကိုပြောပါတယ်။

play

 

လက်ရှိမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့က ကစားခဲ့တဲ့ မွန်ဂိုလီးယားနဲ့ ခြေစမ်းပွဲမှာ စည်းကမ်းပိုင်းအားနည်းမှုကြောင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ၎င်းကို မိခင်အသင်းထံ ပြန်လည်စေလွှတ်ပြီးနောက် ယခုလို သတင်းထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်ထိတော့ မိခင်ကလပ် ရန်ကုန်အသင်းကို တရားဝင်ကမ်းလှမ်းလာတဲ့ အသင်းတစ်သင်းမှ မရှိသေဘူးလို့ သိထားရပြီး လာမယ့် တနလာင်္နေ့မှာတော့ ၎င်းရဲ့ အေးဂျင့်မြန်မာနိုင်ငံကိုလာရောက်ကာ ၎င်းနဲ့ နှစ်ဦးနှစ်ဖက်ဆွေးနွေးမှုများပြုလုပ်မယ်မယ်လို့ သိရပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ၂၀၁၉ ခုနှစ် အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့ သီဟထက်အောင်အနေနဲ့ ပြီးခဲ့တဲ့ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်သလို ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်အသင်းနဲ့ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်းကလည်း ပြည်ပ ကလပ်အသင်းများက ကမ်းလှမ်းမှုပြုလုပ်လာခဲ့ပါက ကစားသမားနဲ့ လက်ရွေးစင်အသင်းအနာဂတ်အတွက် ချင့်ချိန်ပြီးတိုးတက်မှုရှိမယ်လို့ ယူဆပါက ကလပ်အသင်းအနေနဲ့ အနစ်နာခံပေးမယ်လို့ ယခုနှစ်တွင် ခေါ်ယူထားတဲ့ မောင်မောင်လွင်ရဲ့ အပြောင်းအရွှေ့အပေါ်မှာ မှတ်ချက်ပြုပြောထားတာရှိတာကြောင့် သီဟထက်အောင်ကိုလည်း ခွင့်ပြုပေးသွား မလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD