AD
AD
AD

ယနေ့ညနေ ၃ နာရီ ၃၀ မိနစ်မှာ M-150 ဖလား ဖိတ်ခေါ်ပြိုင်ပွဲရဲ့ပထမဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာယူ-၂၃ အသင်းနဲ့ ဗီယက်နမ်အသင်းတို့ရဲ့ပွဲစဉ်မှာ ဗီယက်နမ်အသင်းက ၄ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

play

 

မြန်မာယူ-၂၃ အသင်းဟာ တိုက်စစ်မှာ ဝင်းနိုင်ထွန်းကို အထောင်ထားပြီး လှိုင်ဘိုဘို၊ လွင်မိုးအောင်၊ မောင်မောင်လွင်၊ ရန်နိုင်ဦး၊ စည်သူအောင်တို့နဲ့ လူစုံပွဲထွက်လာခဲ့ပါတယ်။ မြန်မာအသင်းဟာ ပွဲစတင်ချိန်ကတည်းက ဗီယက်နမ်အသင်းရဲ့ဖိအားပေးကစားခြင်းကို ခံခဲ့ရပြီး ၁၁ မိနစ်မှာပဲ ငွမ်ဟိုင်ငုယင်ရဲ့သွင်းဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ မိနစ် ၂၀ မှာ ငွမ်ဟိုင်ငုယင်ကပဲ ဗီယက်နမ်အသင်းအတွက်ဒုတိယမြောက်ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။

play

 

ပွဲစတင်တင်ချင်း ၂ ဂိုးပေးခဲ့ရတဲ့ မြန်မာအသင်းဟာ ကစားကွက်ကို ပုံဖော်ဖို့ ကြိုးစားခဲ့ပြီး ဗီယက်နမ်အသင်းဘက်ကို ဖိအားပေးကစားဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ဘောလုံးအပျက်များနေခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ မြန်မာအသင်းက တိုက်စစ်မြှင့်တင်ခဲ့ပြီး ချေပဂိုးတွေ ပြန်လည်ရရှိအောင် ကြိုးစားခဲ့ပေမယ့် ဗီယက်နမ်အသင်းရဲ့ကွင်းလယ်ကို မစိုးမိုးနိုင်ခဲ့ဘဲ ဗီယက်နမ်အသင်းရဲ့ တန်ပြန်တိုက်စစ်ကို အလူးအလဲကာကွယ်ခဲ့ရပါတယ်။

play

 

၆၄ မိနစ်မှာ ဗန်လောင်းက ဗီယက်နမ်အသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ၆၉ မိနစ်မှာ ငုယင်ကွမ်ဖောင်က စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။ မြန်မာအသင်းဟာ ထိရောက်တဲ့ ပေးပို့မှုတွေနဲ့ ကောင်းမွန်တဲ့ကစားကွက် ပုံဖော်နိုင်စွမ်း မရှိခဲ့ဘဲ ၄ ဂိုး ဂိုးမရှိနဲ့ ဗီယက်နမ်အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ လာမယ့် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ မြန်မာယူ-၂၃ အသင်းဟာ ဥဇဘတ်ကစ္စတန်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

Photos: MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD