AD
AD
AD

ရန်ကုန်ယူနိုက်တက်အသင်းသည် မနှစ်က ဘောလုံးရာသီက အသင်းမှာ ခြေစွမ်းပြခဲ့တဲ့ နောက်ခံလူ မွန်ကာလူးကို လာမယ့် ၂၀၁၈ ဘောလုံးရာသီအတွက် ထပ်မံခေါ်ယူသွားမယ်လို့ သိရပါတယ်။

play

 

အိုင်ဗရီကို့စ် နောက်ခံလူ မွန်ကာလူးအနေနဲ့ ပြီးခဲ့တဲ့  MNL MAX CEMENT 2017 အမှတ်ပေးဘောလုံးပြိုင်ပွဲမှာ  ရန်ကုန်ယူနိုက်တက်အသင်း၌ ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့အတွက် ယခုလို ပြန်လည်ခေါ်ယူဖို့ စီစဉ်ခဲ့ရခြင်း ဖြစ်တယ်လို့လည်း ရန်ကုန်ယူနိုက်တက်အသင်း တာဝန်ရှိသူထံမှတ ဆင့် သိရပါတယ်။

လာမယ့်ဘောလုံးရာသီအတွက် ပြည်ပ ကစားသမားခေါ်ယူမှုနှင့်ပတ်သက်ပြီး ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးမျိုးမင်းထွန်းက '' JFL နဲ့ ခြေစမ်းပွဲ ပထမပိုင်းမှာ ကစားခဲ့တဲ့ ဒေးဗစ်ကို ကြိုက်တယ်။ သူ့ကို ခေါ်ဖို့ အစီစဉ်ရှိတယ်။ မွန်ကာလူးကိုလဲ ပြန်ခေါ်မယ်။ နောက်ထပ်တိုက်စစ်မှူးတစ်ယောက်ခေါ်မယ်။ အာဖရိကန်ပဲ ဖြစ်ဖို့များတယ်။ ပြီးရင် အာရှ တစ်ယောက်ခေါ်မယ်။ စုစုပေါင်း လေးယောက်ခေါ်ဖို့ ရှိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်း နောက်ခံလူ မွန်ကာလူးမှာ  ပြီးခဲ့တဲ့ ဘောလုံးရာသီတွင် အသင်းရဲ့ အမာခံ ပွဲထွက်ကစားသမားတစ်ဦး ဖြစ်ခဲ့တဲ့ အပြင် အသင်းအတွက် စုစုပေါင်းသွင်းဂိုး သုံးဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ နောက်ခံလူလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့  ရာသီကြို ခြေစမ်းပွဲ နှစ်ပွဲ ကစားထားပြီး တစ်ပွဲ နိုင်၊ တစ်ပွဲ ရှုံးထားကာ မနက်ဖြန် နံနက် ၇ နာရီခွဲအချိန်မှာတော့ လိဂ်(၁)ကို ပထမဆုံး တန်းတက်လာတဲ့ မဟာယူနိုက်တက်အသင်းနဲ့ ထပ်မံခြေစမ်းသွားမယ်လို့ သိရပါတယ်။

Source- MNL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD