AD
AD
AD

မြန်မာနေရှင်နယ်လိဂ် ကလပ် ရန်ကုန်ယူနိုက်တက်အသင်းမှ မြန်မာ့လက်ရွေးစင် ကစားသမား ကျော်ကိုကို အနေနဲ့ ထိုင်းလိဂ်(၁)ကလပ် အသင်းတစ်သင်းဖြစ်တဲ့ ချင်းရွိုင်ယူနိုက်တက် အသင်းမှာသွားရောက်ကစားနိုင်ဖို့ အတွက် နှစ်ဖက် အကြိုသဘောတူညီမှု ရထားပြီလို့ သိရပါတယ်။

play

 

"ကျော်ကိုကို ချင်းရွိုင်ယူနိုက်ကို သွားရောက်ကစားဖို့  နှစ်ဖက် သဘောတူညီမှု ရရှိခဲ့ပါပြီ တစ်လကို လစာ ဒေါ်လာ ၇၀၀၀ ရရှိမှာ ဖြစ်ပါတယ် "လို့  ရန်ကုန်ယူနိုက်တက်အသင်း၏ မီဒီယာတာဝန်ခံ ဦးမျိုးမြင့်သောင်းက ပြောကြားခဲ့ပါတယ်။

ချင်းရွိုင်အသင်းအနေဖြင့် ထိုင်းအေးဂျင့်မှတစ်ဆင့် ရန်ကုန်အသင်းကို ဆက်သွယ်လာ ခဲ့ခြင်းဖြစ်ပြီး ကစားသမား၏ အနာဂတ်နှင့် အသင်းဥက္ကဋ္ဌ၏ နိုင်ငံတကာ အတွေ့ အကြုံ ရရှိစေလိုတဲ့ ရည်ရွယ်ချက်တို့ ကြောင့် ယခုကဲ့သို့  ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။

လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကိုရဲ့ အပြောင်းအရွှေ့ ကိစ္စနှင့်ပတ်သက်ပြီး အပြီးသတ် စာချုပ်ခေါ် ယူနိုင်ရန် လာမယ့် တစ်ပတ်အတွင်း ထိုင်းကလပ်အသင်း တာဝန်ရှိသူများ မြန်မာနိုင်ငံသို့  လာရောက်၍ နှစ်ဖက်ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ကျော်ကိုကို အပြင် ရတနာပုံအသင်းနှင့် လက်ရွေးစင် တိုက်စစ်မှူး အောင်သူမှာလည်း လာမည့်နှစ်တွင် ထိုင်းလိဂ် ၁ ကလပ် Police Tero FC အသင်းသို့ တစ်ရာသီ အငှားဖြင့် သွားရောက် ကစားဖို့ သေချာခဲ့ပြီဖြစ်တာကြောင့် ကျော်ကိုကိုအနေနဲ့ အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါက လာမယ့် ၂၀၁၈ ခုနှစ်တွင် အာဆီယံ ဒေသတွင်း အဆင့်မြင့်ဆုံး လိဂ် ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ထိုင်းလိဂ်(၁)မှာ မြန်မာ့လက်ရွေးစင် ကစားသမား နှစ်ယောက်ကို မတူညီတဲ့ ကလပ်အသင်းနှစ်သင်းမှာ တွဲမြင်ရတော့မှာလည်း ဖြစ်ပါတယ်။

ယခုကျော်ကိုကို ပြောင်းရွှေ့မယ့် ချင်းရွိုင်ယူနိုက်တက်အသင်းမှာ အောင်သူပြောင်းရွှေ့ခဲ့တဲ့ ကလပ်အသင်းနည်းတူ ထိုင်းလိဂ်(၁)မှာ ချန်ပီယံ ခြေစွမ်းရှိတဲ့ အသင်းတစ်သင်းလည်း ဖြစ်ကာ ၂၀၀၉ ခုနှစ်က အမှတ်ပေးဇယားအဆင့်(၂)မှာလည်းကောင်း၊ပြီးခဲ့တဲ့နှစ် ၂၀၁၇ ခုနှစ်မှာတော့ထိုင်းအက်ဖ်အေဖလား ချန်ပီယံ ဖြစ်ခဲ့သလို ရှုံးထွက်ဖလားပြိုင်ပွဲမှာ ဒုတိယရရှိထားခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။

Source- MNL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD