AD
AD
AD

ပြီးခဲ့တဲ့ ရက်ပိုင်းက အူအတက်ပေါက်လို့ ဆေးရုံတက် ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့ ရန်ကုန်ယူနိုက်တက်အသင်းမှ မြန်မာ့လက်ရွေးစင် အသင်း တိုက်စစ်မှူးလေး သန်းပိုင်က ပရိသတ်ကြီးကို ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါတယ်။

play

 

သန်းပိုင်အနေနဲ့ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ M-150 Cup ဖိတ်ခေါ်ဖလား ပြိုင်ပွဲမှ ပြန်ရောက်ရောက်ချင်း ခွဲစိတ်ကုသမှု ခံယူခဲ့ရတာလည်း ဖြစ်ပြီး လက်ရှိမှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့က ဆင်းရုံဆင်းခွင့်ပြန်လည်ရရှိထားတာကြောင့် ရန်ကုန်ယူနိုက်တက်အဆောင်မှာ အနားယူ နေတယ်လို့လည်း သိရပါတယ်။

play
သန်းပိုင်ကို သတင်းလာမေးကြတဲ့ သူငယ်ချင်းများ Photo- Kyo Kyar Facebook

 

"ကျွန်တော်ဆေးရုံက ပြန်ဆင်းလာပါပြီဗျာ ။ကျွန်တော်ကို စိတ်ပူပေးတဲ့ သူတွေ အားလုံးကိုလည်း ကျေးဇူးပါဗျ ။ ထိုင်းကပြန်ရောက်ခါစလည်းဖြစ် တန်းပြီး ဆေးရုံတက်လိုက်ရတော့ အကောင့်ကို ဖွင့်ပြီးစာမပြန်နိုင်ဘူးလေ အခုမှ စစ်ကြည့်မိလို့ အားလုံးကို စာ ပြန်နိုင်တာဖြစ်ပါတယ်။စိတ်ပူစေခဲ့မိရင် အားလုံးကို တောင်းပန်ပါတယ်။" လို့ သန်းပိုင်က ၎င်းရဲ့ ကိုယ်ပိုင် လူမှုစာမျက်နှာထက်မှာ ရေးသားဖော်ပြ ခဲ့တာလည်း ဖြစ်ပါတယ်။

သန်းပိုင်းအနေနဲ့ ပြီးခဲ့တဲ့ ရာသီက ရန်ကုန်ယူနိုက်တက်အသင်းမှ ချင်းယူနိုက်တက်အသင်းကို အငှားနဲ့ သွားကစားခဲ့သလို ယခုနှစ်မှာလည်း တန်းတက် မဟာ ယူနိုက်တက်သအသင်းထံ အငှားသွားကစားဖို့ ဆွေးနွေးပြီးခဲ့ပေမယ့် ကျန်းမာရေးအခြေအနေကြောင့် ပျက်ပြယ်ခဲ့ရပြီလည်း ဖြစ်ပါတယ်။

အူအတက်ခွဲစိတ်ခံထားရတာကြောင့် အနည်းဆုံး ၆ လခန့်အနားယူရဖို့ရှိနေပြီး မိဘများရှိရာ နေရပ်ကို ခဏပြန်အနားယူမယ်လို့လည်း သန်းပိုင်ရဲ့ ပြောပြချက်အရ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD