AD
AD
AD

ယခုနှစ် ဘောလုံးရာသီမှာ ကစားသမားဘ၀ကနေ အနားယူခဲ့တဲ့ မြန်မာ့လက်ရွေးစင်ဟောင်း တိုက်စစ်မှူး ရန်ပိုင်ကို ရတနာပုံအသင်းက နည်းစ နစ်ဒါရိုက်တာအဖြစ် ခန့်အပ်လိုက်ပြီလို့ အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

play

 

ရန်ပိုင်မှာ ရတနာပုံအသင်းနဲ့အတူ ၂၀၀၉ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲစတင်ချိန်ကတည်းက ပါဝင်ကစားခဲ့တာလည်း ဖြစ်ပြီး ယခုအခါ အသင်း ဟောင်းနဲ့အတူ နည်းစနစ်ဒါရိုက်တာအဖြစ် ဆက်လက် တာဝန်ယူ လက်တွဲသွားမှာလည်း ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် ကစားသမားဘ၀ကို ၂၀၀၀-၀၁ ခုနှစ်မှာ စတင်ခဲ့သူဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ ၂၀၀၆ မာဒေးကားဖလား နဲ့ အခြား ဖိတ်ခေါ်ဖလားများ ရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ်ကစားသမားဘ၀မှာလည်း ရတနာပုံအသင်းနဲ့အတူ အမှတ်ပေးဖလား ၄ ကြိမ်အပါအ၀င် အာရှကလပ် ပြိုင်ပွဲတွေကိုလည်း ၀င်ရောက်ယှဉ်ပြိုင်ကစားဖူးသူ ဖြစ်ပါတယ်။

ရတနာပုံအသင်းအနေနဲ့ ယခုနှစ်မှာ နိုင်ငံခြားသားနည်းပြ ခန့်အပ်ခြင်း မပြုပဲ နည်းပြချုပ်အဖြစ် ရန်ပိုင်ရဲ့ လက်ရွေးစင်ကစားဖော် အောင်ကျော် မိုးကို ခန့်အပ်ခဲ့သလို ယခုအခါလည်း ရန်ပိုင်ကို နည်းစနစ်ဒါရိုက်တာအဖြစ် ထပ်မံ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြိုင်ပွဲကိုလည်း ပြည်တွင်းကစားသမားများဖြင့်သာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

Source- Yadanabon FC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD