AD
AD
AD

မြန်မာ့လက်ရွေးစင်ဟောင်းကစားသမားတစ်ဦးဖြစ်တဲ့ အောင်ကျော်နိုင်အနေနဲ့ ထိုင်းလိဂ်(၂)ရှိ နာရာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့သွားခဲ့ ပြီလို့ သိရပါတယ်။

play

 

ယမန်နှစ်ရာသီက စင်ကာပူလိဂ်မှ ဘယ်လက်စတီယာ ခါလ်ဇာအသင်းမှာ တစ်ရာသီ သွားရောက်ကစားခဲ့ပြီးနောက် ယခုတစ်ခါ ထပ်မံပြီး ထိုင်း ကလပ် နာရာ ယူနိုက်တက်အသင်းကို တစ်နှစ် စာချုပ်နဲ့ ထပ်မံ သွားရောက်ကစားမှာလည်း ဖြစ်ပါတယ်။

play

 

အောင်ကျော်နိုင်အနေနဲ့ အေးဂျင့်ဖြစ်တဲ့ မြန်မာစပယ်လ်ရှယ် ရဲ့ စီစဉ်ဆောင်ရွက်မှုနဲ့ သွားရောက်ခဲ့တာ ဖြစ်ပြီး မနေ့က ထိုင်းနိုင်ငံကို ထွက်ခွာ သွားခဲ့ပြီလို့လည်းသိရပါတယ်။

လက်ရှိမှာ ဆေးစစ်မှုများ ခံယူလျက်ရှိနေပြီး အပြီးသတ်စာချုပ်ကို မကြာမီချုပ်ဆိုသွားနိုင်ဖို့ ရှိနေတယ်လို့လည်းသိရပါတယ်။

အော်ကျော်နိုင်အနေနဲ့ ယခုလို ထိုင်းလိဂ်ကို သွားရောက်ကစားနိုင်ခြင်းဟာ ယခုနှစ်ဘောလုံးရာသီမှာ ၆ ယောက်မြောက် ထိုင်းလိဂ်ကို ထွက်က စားတဲ့ မြန်မာကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

၎င်းအပြင် ရန်ကုန်ယူနိုက်တက်အသင်းမှ မြန်မာ့လက်ရွေးစင် နောက်ခံလူ ဇော်မင်းထွန်းကိုလည်း ထိုင်းကလပ် ဆူဖန်ဘူရီအသင်းက ကမ်းလှမ်း ထားတယ်လို့ သိထားရပါတယ်။

Source- Ye Naing Win Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD