AD
AD
AD

ဘူဂေးရီးယား အမှတ်ပေးပြိုင်ပွဲတစ်ပွဲဖြစ်တဲ့ ဆိုဖီယာ အသင်းနဲ့ စီအက်စ်ကေအေအသင်းတို့ရဲ့ ပွဲအတွင်း ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာ ကြောင့် လုံခြုံရေး တာဝန်ယူနေတဲ့ အမျိုးသမီး ရဲဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

play
ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ ဗာဆဲလ်လက်စကီ ဘောလုံးကွင်း။

 

ပေါက်ကွဲမှုမှာ ကွင်းဝင်ပေါက်အနီး ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ရဲဝန်ထမ်းရဲ့ ကာဗာမှန်လည်း ပေါက်ကွဲလွင့်စင်ခဲ့ရတယ်လို့ ရဲစခန်းက အတည်ပြု ထုတ် ပြန်ခဲ့ပါတယ်။

"လက်ရှိ ကုသမှု ခံယူနေပါပြီ။မှန်ကွဲစတွေက သူမရဲ့ မျက်နှာနဲ့ မျက်လုံးတွေကို လာရောက်ထိခိုက်တဲ့ ဒဏ်ကိုတော့ခံစားခဲ့ရပါတယ်။" လို့ ဘူဂေး ရီးယား ရဲအရာရှိ ဇလာတာနော့ဗ်က ပြောခဲ့ပါတယ်။

ဒါ့အပြင် ဆက်လက်ပြီး မီမတော်တဆပေါက်ကွဲမှု မဟုတ်ဘူးလားဆိုတဲ့ မေးခွန်းတွေအပေါ်မှာလည်း ၎င်းက -" 'ဒါက လုံးဝကို မီးလန့်တာ မဟုတ်ပါဘူး။ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ပါပဲ။" လို့ ရှင်းလင်းပြောခဲ့ပါသေးတယ်။

ယခုလို ပေါက်ကွဲမှုကြောင့် ပရိသတ် ၂၀ ကျော်ခန့်လည်း အပြင်ထွက်ဖို့ စောင့်ဆိုင်းလိုက်ရတယ်လို့ သိရပါတယ်။
ပွဲကိုတော့ ဆက်လက်ယှဉ်ပြိုင်ကစားစေခဲ့ပြီး ပွဲအပြီးမှာ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့ပါတယ်။

Source- BBC SPORTS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD