AD
AD
AD

မြန်မာ့လက်ရွေးစင်အသင်းကို တာဝန်ယူကိုင်တွယ်မယ့် နည်းပြတစ်ဦးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ရှာဖွေခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

play

 

ယနေ့ မနက်ပိုင်းက ရောက်ရှိလာခဲ့တာဖြစ်ပြီး ၎င်းနဲ့အတူ လက်ထောက်နည်းပြတစ်ဦးနဲ့ ဂိုးနည်းပြ တစ်ဦးတို့လည်း ပါဝင်လာခဲ့ပြီး အပြီးသတ် စာချုပ် ချုပ်ဆိုနိုင်ရေးများကို ယနေ့ မနက်ပိုင်းကပင် MFF တာဝန်ရှိသူများနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အန်တွမ်နီဟေးနှင့်နည်းပြအဖွဲ့ကို  MFF တာဝန်ရှိသူများဖြစ်တဲ့ အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊ အထွေထွေ အတွင်းရေးမှူး ဦးကို ကိုသိန်း၊ နည်းစနစ်ဒါရိုက်တာနှင့် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးတင်မြင့်အောင် တို့က လက်ခံတွေ့ဆုံခဲ့ပြီး စာချုပ် ချုပ်ဆိုရေး ကိစ္စများ၊ လက်ရွေးစင် အသင်းပြိုင်ပွဲများနှင့် ဦးတည်ချက်များ စသည့်တို့ အပါအ၀င် အထွေထွေ ကိစ္စရပ်များကို နှစ်ဦးနှစ်ဖက်ဆွေးနွေးခဲ့ကြတယ်လို့ လည်းသိရပါတယ်။

play

 

စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် အသးစိတ်အချက်အလက်များကို မေးလ်ဖြင့် ဆက်သွယ် သဘောတူညီမှု ရယူထားပြီး ဖြစ်ကာ လက်ကျန် နေရေး ထိုင်ရေး၊အသင်းဦးတည်ချက်များနဲ့ အခြားသော အသေးစိတ်အချက်အလက်တွေကိုသာ ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းရဲ့ ပြောပြချက်အရ သိရပါတယ်။

"ကျွန်တော်တို့ လောလောဆယ်တော့ စာချုပ်မချုပ်ရသေးပါဘူး။အဲ့ဒီအတွက်လည်း သတင်းစာရှင်းလင်းပွဲလုပ်ပေးမှာပါ။ဒီကနေ့တွေ့ဆုံခဲ့တာက တော့ ဒီမှာ နေရေးထိုင်ရေး သွားရေးလာရေးနဲ့ အခြား လိုအပ်တဲ့ အသေးစိတ် အချက်အလက်တွေအတွက်သာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပါ။ စာချုပ်စာတမ်းအတွနဲ့ အခြားသောတော်တော်များများ အချက်အလက်တွေကိုတော့ မေးလ်ကနေတဆင့် ဆက်သွယ် အတည်ပြုချက် ရယူထား ပြီးမှ ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။" လို့ဦးကိုကိုသိန်းက ပြောပါတယ်။

ဂျာမန်နိုင်ငံသား လက်ထောက်နည်းပြ ခီမယ် ဟာလက်သည် UEFA (A) လိုင်စင်ရနည်းပြ တစ်ဦးဖြစ်ပြီး အသက် ၄၇ နှစ်အရွယ်ရှိပြီဖြစ်ကာ ကစား သမား ဘ၀က ကွင်းလယ်လူ အဖြစ် ဆွစ်ကလပ် ဂရက်စ်ဟော့ပါး၊ ဂျာမန်ကလပ် ဒက်ဆယ်လ်ဒေါ့ဖ်၊ ရှော့ကေး၊ ကိုလုံး၊ အင်္ဂလန်ကလပ် ဘာမင်ဂမ်၊ ဘရစ္စတိုးလ်၊ အစရှိသည့် ကလပ်များတွင် ပါဝင်ကစားခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် အနားယူခဲ့တယ်လို့သိရပါတယ်။

ယင်းနောက် နည်းပြ အဖြစ် ဂမ်ဘီယာ၊ လိုင်ဘေးရီးယား၊ ကင်ညာ၊ ရ၀မ်ဒါ အစရှိသည့် အာဖရိက နိုင်ငံလက်ရွေးစင် အသင်းများအား ကိုင်တွယ်ခဲ့ကာ နည်းစနစ် ဒါရိုက်တာအဖြစ်လည်း ဘာရိန်း ဘောလုံးအဖွဲ့ချုပ်နှင့် လိုင်ဘေးရီးယား ဘောလုံး အဖွဲ့ချုပ်များတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ နောက်ဆုံးနည်းပြ ဂျာမန်လူမျိုး ဂတ်ဆီဇီကို ထုတ်ပယ်ခဲ့ပြီးနောက် ယခုတစ်ခါမှာလည်း ဂျာမနီလူမျိုး နည်းပြတစ်ဦးကိုပင် နည်းပြအဖြစ်ထပ်မံ ခန့်အပ်နိုင်ရေး ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။

ယခု ရောက်ရှိလာတဲ့ ဂျာမန်နည်းပြမှာ မြန်မာ့လက်ရွေးစင်အသင်း မေလ ၁၁ ရက်နေ့မှာ ကစားမယ့်လိဒ်အသင်းနဲ့ ခြေစမ်းပွဲကိုတော့ တာဝန်ယူ ကိုင်တွယ်အုံးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

Source- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD