AD
AD
AD

ထိုင်းလိဂ်(၁)ကလပ် Police Tero အသင်းမှာ ကစားနေတဲ့ မြန်မာ့လက်ရွေးစင်အသင်း တိုက်စစ်မှူး အောင်သူရဲ့ လူမှု စာမျက်နှာတစ် ခုဖြစ်တဲ့ င်္Facebook အကောင့်ကို 9MC အဖွဲ့က ထိန်းသိမ်းပြီဆိုတာကို တွေ့မြင်နေရပါတယ်။

play

 

အောင်သူအနေနဲ့ ထိုင်းလိဂ်(၁)ကို ပထမဆုံး ထွက်ကစားနိုင်တဲ့ မြန်မာလူမျိုး ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး အသင်းမှာလည်း ခြေစွမ်းပြမှုကြောင့် ထိုင်းရောက် မြန်မာတွေသာမက ထိုင်းပရိသတ်များကပါ အားပေးမှုကို ရရှိနေတာ ဖြစ်ပါတယ်။

play

Police Tero အသင်းမှာ ခြေစွမ်းပြနေတဲ့ အောင်သူဟာ မော်ဒယ်ပိုးအိအိခန့်နဲ့ ချစ်ကြိုက်နေသူလည်း ဖြစ်ပါတယ်။ လက်ရှိသူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ Followers တစ်သိန်းခုနှစ်သောင်း ကျော်ရရှိထားတာကို တွေ့ရပါတယ်။

play

 

အဲဒီ Aung Thu(Robot) ဆိုတဲ့ ဖေ့ဘုတ် အကောင့်ကို ခိုးယူထားတဲ့ 9MC အဖွဲ့က ဒီကနေ့ ညနေပိုင်းမှာ ပြန်လာတောင်းဖို့ ကြေညာထားတာကိုလည်းတွေ့ရပါတယ်။

play

 

အောင်သူအနေနဲ့ ၎င်းကိုယ်တိုင် ဖေ့ဘုတ်မှာ နောက်ဆုံးတင်ထားခဲ့တဲ့ ပို့စ်ကတော့ ဧပြီလ ၁၃ ရက်နေ့ မနက် ၉ ၂၇ မိနစ်က ဖြစ်ပြီး ချစ်သူ ပိုးအိအိခန့်ကို Tag တွဲကာ ရက် ၁၀၀ ပြည့် နှစ်ပတ်လည် ပို့စ် တစ်ခု တင်ထားခဲ့တာလည်း ဖြစ်ပါတယ်။

play

 

လက်ရှိမှာတော့ အောင်သူရဲ့ အကောင့်ကို 9MC အဖွဲ့က ဟက်ခ်ထားပြီး ပရိသတ်အကုန်လုံးကို ADD ပေးမယ်ဆိုတဲ့ ပို့စ်တစ်ခုကိုတော့ မေလ ၃ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်လောက်က တင်ထားတာကိုလည်း တွေ့မြင်ရပါတယ်။

play

 

ယခုလို အောင်သူရဲ့ အကောင့်ကို ခိုးယူခံထားရတာကို သိရှိခဲ့တဲ့ အောင်သူရဲ့ပရိသတ်အချို့ကတော့ စိတ်ဆိုးဒေါသထွက်နေကြတဲ့ ကောမန့် တွေ ရေးသားဖော်ပြခဲ့ကြသလို အောင်သူရဲ့ အကောင့်ကို add မရဖြစ်နေတဲ့ အချို့သော ပရိသတ်တွေကလည်း 9mc အဖွဲ့ကို ကျေးဇူးတင်တဲ့ ကောမန့်တွေ ရေးသားဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

အောင်သူမှာ လက်ရှိမှာတော့ ထိုင်းကလပ် Police Tero အသင်းအတွက် ပွဲစဉ် ၁၂ ပွဲပါဝင်ကစားပေးထားပြီး သွင်းဂိုး ၇ ဂိုး အထိ သွင်းယူပေး ထားနိုင်သူလည်းဖြစ်ပါတယ်။

Source- Aung Thu (Robot) Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD