AD
AD
AD

၇ နှစ်တာမျှ ကာဆီးပိတ်ပင်ထားခဲ့ရတဲ့ သုဝဏ္ဏကွင်းအတွင်းက သံဇကာတွေကို ယနေ့မှာတော့ ပြန်လည်ဖြုတ်သိမ်းပေးနေပြီလို့ သိရပါတယ်။

play

 

၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က မြန်မာအသင်းနဲ့ အိုမန်အသင်းတို့ ကစားခဲ့ကြတဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ ဖြစ်ပွားခဲ့တဲ့ ကွင်း အတွင်း ပစ်ခတ်မှုများနဲ့ ရုပ်ဆိုးအကျည်းတန်စွာ ပြုမူ ခဲ့ကြတဲ့ ပရိသတ်အချို့ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကွင်းအတွင်းအရာဝတ္ထုများ ဖြင့် ထပ်မံ မပစ်ပေါက်နိုင်စေဖို့ ယခုလို သံဇကာ ကာခဲ့ရခြင်းဖြစ်ပါတယ်။

play

 

လက်ရှိမှာတော့ ယဉ်ကျေးပျူငှာစွာ အားပေးတတ်လာတဲ့ ပရိသတ်တွေရဲ့ ချစ်ခင်ဖွယ် အမူအကျင့်တွေကို မြင်တွေ့နေရပြီ ဖြစ်သလို ပရိသတ် တွေကို တစ်ခါပြန်လည်ယုံကြည်တာကြောင့်လည်း အခုလို ပြန်လည်ဖွင့်ပေးလိုက်ရခြင်း ဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မီဒီယာ တာဝန်ခံ ဦးဇော်မင်းထိုက်ကပြောပါတယ်။

play

 

"ပြောင်းလဲလာတဲ့ မြန်မာပရိသတ်တွေရဲ့ အပြုအမူတွေကို မြင်တွေ့လာခဲ့ရပါတယ်။ဒါကြောင့်လည်း ပရိသတ်တွေအပေါ် တစ်ခါပြန်လည်ယုံ ကြည်မှုပေးတဲ့အနေနဲ့ ကျွန်တော်တို့ အဖွဲ့ချုပ်က ယခုလို ဆောင်ရွက်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ခါပြန်ပြီး အဆိုးဆုံး အခြေ အနေတွေကိုတော့ မမျှော်လင့်ထားပါဘူး။" လို့ ဦးဇော်မင်းထိုက်ကပြောပါတယ်။

ယခုလို ကွင်းအတွင်း ပွဲကြည့်စင်နဲ့ မြက်ခင်ပြင်ကြားပြုလုပ်ထားမှုကို နိုင်ငံတကာမှာရှိတဲ့ကွင်းတော်တော်များများမှာလည်း ဆိုးးသွမ်းပရိသတ် တွေကြောင့် ပြုမူထားရတာရှိပြီး မြန်မာနိုင်ငံမှာတော့ ယခုအခါ ပြန်လည်ဖြုတ်သိမ်းခဲ့တာလည်း ဖြစ်ပါတယ်။

သံဇကာများ ပြန်လည်ဖြုတ်သိမ်းလိုက်တာကြောင့် မြန်မာ့လက်ရွေးစင်အသင်းရဲ့ပွဲစဉ်တွေအပါအ၀င် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွေကိုပါ ရှင်း ရှင်းလင်းလင်း ကြည့်ရှုအားပေးနိုင်တော့မှာလည်း ဖြစ်ပါတယ်။

အစောဆုံးပွဲစဉ်အဖြစ် လာမယ့် မေလ ၉ ရက်နေ့မှာ ကစားမယ့် မြန်မာနေရှင်နယ်လိဂ် ညွန့်ပေါင်းအသင်းနဲ့ လိဒ်ယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ် ကို စတင် ကြည့်ရှုခွင့်ရတော့မှာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD