AD
AD
AD

မြန်မာ့လက်ရွေးစင် ကစားသမား ဒေးဗစ်ထန်နဲ့ ရန်ကုန်ယူနိုက်တက်အသင်းတို့ စချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီဖြစ်လို့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီ လို့ ရန်ကုန်ယူနိုက်တက်အသင်း မီဒီယာ ဒါရိုက်တာ ဦးမျိုးမြင့်သောင်းကပြောပါတယ်။

play

 

ဒေးဗစ်ထန်နဲ့ ရန်ကုန်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ၂၀၁၈ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ ပထမအကျော့ ပြီးဆုံးချိန်မှာ ပြည့်ခဲ့ပြီ ဖြစ်တယ်လို့ သိရပြီး စာချုပ်သက်တမ်း ထပ်မံတိုးဖို့ ညှိုနှိုင်းခဲ့မှုများ ပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။

play

 

ဒါပေမယ့်လည်း ကစားသမား ကိုယ်တိုင်က ရှမ်းယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်ခဲ့တာကြောင့် ရန်ကုန်အသင်းနဲ့ လမ်းခွဲ ဖို့ ဖြစ်လာခဲ့တာလို့လည်းသိရပါတယ်။

play

 

"စာချုပ်သက်တမ်းတိုးဖို့ ကျွန်တော်တို့ ညှိုနှိုင်းနေတာ ၂ လ ၃ လလောက်ရှိပါပြီ။အခု အာရှ ခြေစစ်ပွဲပထမအကျော့အပြီးမှာတော့ နောက်ထပ် စာချုပ်အတွက် ညှိုနှိုင်းမှုတွေ ပြုလုပ်ခဲ့ရာမှာတော့ ကစားသမားနဲ့ ညှိုနှိုင်းမှု အဆင်မပြေ ဖြစ်နေချိန်မှာ ကစားသမားကိုယ်တိုင်က ထပ်မံ မညှိုနှိုင်း လိုတော့ပဲ အခြားအသင်းကိုသာ ပြောင်းတော့မယ်လို့ ပြောလာခဲ့ပါတယ်။သူ့အနေနဲ့ ရှမ်းယူနိုက်တက်အသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ အဆင်ပြေခဲ့ပြီ လို့ပြောလာခဲ့တာကြောင့်လည်း ကျွန်တော်တို့ဖက်က သူ့ကို ထပ်မံစာချုပ်ချုပ်ဆိုဖို့ လုပ်ဆောင်တော့ခြင်း မပြုတော့တာပဲ ဖြစ်ပါတယ်။" လို့ ရန် ကုန်ယူနိုက်တက်အသင်း မီဒီယာ ဒါရိုက်တာ ဦးမျိုးမြင့်သောင်းက ပြောပါတယ်။

ဒေးဗစ်ထန်မှာ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ငယ်မွေး ခြံပေါက်  ကစားသမားတစ်ဦးဖြစ်သလို ညာနောက်ခံလူနေရာ၊ကွင်းလယ်တောင်ပံ က စားသမားတစ်ဦးဖြစ်သလို တိုက်စစ်အထိ လိုက်ပါ ကစားနိုင်တဲ့ စွယ်စုံရ ကစားသမားတစ်ဦးလည်း ဖြစ်သလို မြန်မာ့လက်ရွေးစင်အသင်းအတွက် လည်း အားထားရတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် ဆူဇူကီးဖလား ပြိုင်ပွဲမှာလည်း မြန်မာအသင်းကို ဆီမိးဖိုင်နယ် တက်ရောက်ဖို့ သေချာစေမယ့် သွင်းဂိုးတစ်ဂိုးကို မလေးရှားအသင်း ဖက်ကို သွင်းယူပေးခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

ရှမ်းယူနိုက်တက်အသင်းအနေနဲ့ကတော့ ဒေးဗစ်ထန်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မငြင်းဆိုပေမယ့် အတည်ပြုပေးဖို့ လုပ်ဆောင်နေတယ် လို့လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD