နှစ်ပေါင်း ၂၀ နှစ်ကြာမှာ ပထမဆုံး ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်နိုင်တာပါ။

၁၉၆၆ နဲ့ ၁၉၇၀ ခုနှစ်တွေမှာ ချန်ပီယံ နှစ်ကြိမ်ထိ ဖြစ်ဖူးတဲ့ ဒီအာရှအားကစားပွဲတော်ကို မြန်မာအသင်း မပြိုင်ဖြစ်တော့တာ ၂၀ နှစ်ကြာခဲ့ပါပြီ။ ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံး ပြန်လည်ပါဝင်လာမှုမှာ နည်းပြသစ် အန်တွန်နီဟေးအတွက်တော့ ကြီးမား တဲ့စိန်ခေါ်မှုလည်း ဖြစ်မှာပါ။



33340391_1101038483368296_6647992986271481856_n.jpg

Photo - MFF

 

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာရှ အားကစားပွဲတော်ကို မြန်မာ့လက်ရွေးစင် ယူ-၂၃ အမျိုးသား ဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ယခုအခါ အုပ်စုခွဲဝေထားမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

မြန်မာအသင်းအနေနဲ့ အုပ်စု(စ)မှာ အာရှအင်အားကြီးအသင်းတွေဖြစ်တဲ့ ဆော်ဒီ၊မြောက်ကိုရီးယား၊အီရန်အသင်းတို့ အတူကျရောက်နေပြီး နည်းပြသစ် အန်တွန်နီဟေးအတွက်တော့ ခက်ခဲအုံးမယ့် စမ်းသက်ချက် ဖြစ်လာဖို့ ရှိနေပါတယ်။

Photo - MFF

 

ဒီပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် ပဏာမ စာရင်းကို လာမယ့် ရက်ပိုင်းအတွင်း ထုတ်ပြန်ပေးသွားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပေးထားပြီး ပြိုင်ပွဲကြို ပြင်ဆင်မှုအနေနဲ့တော့ လာမယ့် သြဂုတ်လ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ဖိတ်ခေါ် ပြိုင်ပွဲငယ်တစ်ခု ကျင်းပသွားဖို့လည်းရှိပါတယ်။

ဘာရိန်း ယူ-၂၃၊တောင်ကိုရီးယား ယူ-၁၉ နဲ့ ထိုင်း ယူ-၂၃ အသင်းတို့ကို ဖိတ်ခေါ်ထားပြီး မြန်မာ ယူ-၂၃ အသင်းအတွက် ပွဲကြို ပြင်ဆင်စေမှာ လည်း ဖြစ်ပါတယ်။

Photo - MFF

 

မြန်မာအသင်းကိုတော့ ဂျာမန်လူမျိုး နည်းပြ အန်တွန်နီဟေးက တာဝန်ယူမှာ ဖြစ်ပြီး မြန်မာ့လက်ရွေးစင် နည်းပြအဖြစ်နဲ့ ပထမဆုံး ဝင်ရောက် ယှဉ်ပြိုင်မယ့် အဓိက ပြိုင်ပွဲကြီးလည်း ဖြစ်ပါတယ်။

အန်တွန်နီဟေးအနေနဲ့ ပထမဆုံး ကိုင်တွယ်ခွင့်ရထားတဲ့အသင်းကတော့ မြန်မာ့လက်ရွေးစင် စီနီယာအသင်းကြီးဖြစ်ပြီး တရုတ်လက်ရွေးစင် အသင်းနဲ့ ခြေစမ်းကစားထားရမှာတော့ ၁ -၀ ဂိုးနဲ့သာ ရှုံးနိမ့်ထားတာကြောင့် ပရိသတ်က လက်ခံထားသူပါ။

Photo - MFF

 

ယခုတစ်ကြိမ် အာရှအဆင့်ပွဲတော်မှာလည်း ထပ်မံပြီးစမ်းသပ်ခံရအုံးမှာ ဖြစ်ပြီး ဘယ်လို စိတ်လှုပ်ရှားစရာ ရလဒ်တွေ ဖန်တီးပေးနိုင်မလဲဆို တာတော့ စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမှာပါ။

ဒီပွဲမှာ ထူးခြားချက်က အိုလံပစ် အားကစားပွဲတော်လိုပဲ အသက် ၂၃ နှစ်နဲ့အထက် ကစားသမား ၃ ဦးစီ ခေါ်ဆောင်လာခွင့်ရှိတာကြောင့်လည်း မြန်မာအသင်း နည်းပြ အန်တွန်နီဟေးက ဆူဇူကီးအကြို ပြင်ဆင်မှုမှာအသက်ကျော်ကစားသမားတွေကိုခေါ်ဆောင်လာမလား လူငယ်တွေကိုပဲ အတွေ့အကြုံပိုမိုရရေးအတွက် သီးသန့်ခေါ်ဆောင်လာမလား ရက်ပိုင်းအတွင်း သိရတော့မှာပါ။

Photo - MFF

 

ယခု ကျင်းပတဲ့ ပြိုင်ပွဲက ဖီဖာ အသိအမှတ်ပြု အာရှဖလား ပြိုင်ပွဲတော့ မဟုတ်ပါဘူး။ မြန်မာအသင်းကတော့ လွန်ခဲ့တဲ့ ၁၉၅၁ ခုနှစ်က ပထမဆုံး စတင်ပါဝင်ခဲ့ဖူးပြီး အဲ့တုန်းကတော့ ကွာတားအထိ တက်ဖူးပါတယ်။

အဲ့နောက် ၁၉၅၄ မှာ တတိယရပြီး ၁၉၆၆ နဲ့ ၁၉၇၀ ခုနှစ်တွေမှာတော့ ချန်ပီယံ နှစ်ကြိမ်ဆက်ဖြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ အောင်မြင်မှု ပြန်လည်ရယူနိုင်ခြင်းမရှိတော့ပဲ အုပ်စုက ထွက်ခဲ့ရတဲ့နှစ်တွေရှိသလို ဝင်မပြိုင်ဖြစ်တဲ့ နှစ်တွေလည်း ရှိလာခဲ့ပြီး ၁၉၉၈ ခုနှစ်နောက်ပိုင်းတော့ လုံး၀ မပါဖြစ်တော့ပဲ ယခု ၂၀ နှစ်အကြာမှသာ တစ်ကျော့ပြန် ပါဝင်နိုုင်တာလည်း ဖြစ်ပါတယ်။

မဲခွဲမှုအရ ထွက်ပေါ်လာသော အုပ်စုများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အုပ်စု(A) အင်ဒိုနီးရှား(အိမ်ရှင်)၊ ဟောင်ကောင်၊ လာအို၊ တရုတ်(တိုင်ပေ)

အုပ်စု(B) ထိုင်း၊ ဥဇဘက်ကစ္စတန်၊ ဘင်္ဂလားဒေရှ့်၊ ကာတာ

အုပ်စု(C) အီရတ်၊ တရုတ်၊ တီမော၊ ဆီးရီးယား

အုပ်စု(D) ဂျပန်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ နီပေါ

အုပ်စု(E) တောင်ကိုရီးယား၊ ကာဂျစ္စတန်၊ မလေးရှား၊ ဘာရိန်း

အုပ်စု(F) မြောက်ကိုရီးယား၊ ဆော်ဒီအာရေဗျ၊ အီရန်၊ မြန်မာတို့ အသီးသီး ပါဝင်ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က