ပထမအဆင့် ပွဲစဥၤတွေကို လာမယ့် ၂၀၁၈ နိုဝင်ဘာ ၄ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကျင်းပသွားမှာပါ။

အိုလံပစ် ပြိုင်ပွဲကို ၁၉၉၆ ကနေ ၂၀၀၀ ခုနှစ်အတွင်း ဝင်ရောက်နိုင်ခဲ့ခြင်း မရှိပဲ ၂၀၀၄ ကနေ ၂၀၁၆ အထိ ကာလမှာတော့ ခြေစစ်ပွဲ အောင်မြင် ခဲ့ခြင်း မရှိပါဘူး။



Photo - MFF

 

၂၀၂၀ အိုလံပစ် ခြေစစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲအတွက် အုပ်စုများမဲခွဲပွဲကို လာမယ့် သြဂုတ်လ ၂ ရက်နေ့ မနက် (၁၁း၀၀)နာရီမှာ ကျင်းပ သွားတော့မှာပါ။

မြန်မာအသင်းအနေနဲ့  AFC ရဲ့ ဆီဒင်အဆင့် သတ်မှတ်ချက်အရ ပထမအဆင့်မှာ  အသင်း ၁၉ သင်းနဲ့အတူ စတင်ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပြီး အဆိုပါ ပထမအဆင့်ခြေစစ်ပွဲကိုတော့ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၄ ရက်ကနေ ၁၃ ရက်နေ့အထိ ကစားသွားရမှာပါ။

Photo - MFF

 

အိုလံပစ် အားကစားပြိုင်ပွဲကိုမှာတော့ မြန်မာအမျိုးသမီးအသင်းဟာ ၁၉၉၆ ကနေ ၂၀၀၀ ခုနှစ် အပိုင်းအခြားကာလအတွင်း ဝင်ရောက် ယှဉ် ပြိုင်နိုင်ခြင်း လုံးဝမရှိခဲ့ပဲ ၂၀၀၄ ကနေ ၂၀၁၆ ခုနှစ်အထိ အပိုင်းအခြားမှာလည်း ခြေစစ်ပွဲကို အောင်မြင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းရဲ့ ပထမဆုံး နိုင်ငံတကာပြိုင်ပွဲကတော့ ၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ကစားခဲ့တဲ့ ပွဲစဉ်ဖြစ်ခဲ့ပြီး အဆိုပါ ပွဲမှာ ဖိလစ်ပိုင်အမျိုးသမီးအသင်းနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

လက်ရှိမှာတော့ မြန်မာအမျိုးသမီးအသင်းဟာ အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ရဖို့ ခြေစစ်ပွဲပထမအဆင့်က စတင်ရတော့မှာ ဖြစ်ပြီး ဒီအ ဆင့်ကို ကျော်လွန်ခဲ့မယ်ဆိုရင် ဒုတိယ အဆင့်ခြေစစ်ပွဲမှာ ပထမအဆင့်မှ ထိပ်ဆုံး ၁၀ သင်းနဲ့ အာရှအဆင့် ၆ နှင့် ၇ (ဗီယက်နမ်နှင့် ဥဇဘက်ကစ္စတန်) နှစ်သင်းတို့နဲ့ ထပ်မံပေါင်းကာ စုစုပေါင်း ၁၂ သင်းနဲ့ ၂၀၁၉ ဧပြီ ၁ မှ ၉ အထိ ဆက်လက် ကျင်းပသွားမှာ ဖြစ်ပါတယ်။

ယင်းနောက် တတိယအဆင့် ခြေစစ်ပွဲကို ဆီဒင်အဆင့် ၁ မှ ၅ အထိ (သြစတြေးလျ၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ တရုတ်၊ထိုင်း)တို့နဲ့ အတူ ဒုတိယအဆင့်ကနေ အနိုင်ရလာတဲ့ အသင်း ၃ သင်းနဲ့ထပ်မံ ပေါင်းကာ စုစုပေါင်း အသင်း(၈)သင်းနဲ့ ဆက်လက်ကျင်းပ သွားမှာပါ။

တတိယအဆင့် ခြေစစ်ပွဲတွေကိုတော့ ၂၀၂၀ ခုနှစ် ဇန်နဝါရီ(သို့)ေ ဖဖော်ဝါရီတို့မှာ ကျင်းပသွားမယ်လို့ သိထားရပါတယ်။ တတိယအဆင့် ခြေစစ်ပွဲအောင်မြင်ခဲ့ပါကလည်း ခြေစစ်ပွဲအောင်အုံးမှာ မဟုတ်ပဲ အဆိုပါ အသင်း ၄ သင်းကို အိမ်ကွင်းအဝေးကွင်း နှစ်ကျော့စနစ်နဲ့ ကစားခိုင်း အုံးမှာ ဖြစ်ပြီး အနိုင်ရတဲ့ (၂) သင်းသာ အာရှ ကိုယ်စားပြု ၂၀၂၀ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲကြီးမှာပါဝင်နိုင်မှာပါ။

မြန်မာအမျိုးသမီးအသင်းကိုတော့ လက်ရှိမှာ မြန်မာလူမျိုးနည်းပြ ဦးဝင်းသူမိုးက နည်းပြချုပ်အဖြစ် တာဝန်ယူနေပြီး အင်ဒိုနီးရှားနိုင်ငံမှာ ကျင်း ပခဲ့တဲ့ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ စုတ္ထနေရာရရှိခဲ့ပါတယ်။

ယခု ကစားမယ့် ခြေစစ်ပွဲအဆင့်တွေမှာလည်း မြန်မာအသင်းအနေနဲ့ အတွေ့အကြုံပိုင်းကိုသာ ဦးစားပေး ကစားရဖို့ ရှိနေပြီး အဆိုပါ အတွေ့ အကြုံတွေနဲ့ အာဆီယံအဆင့်မှာ ချန်ပီယံ ဖြစ်ရေး ကြိုးစားရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က