်ရန်ကုန်အသင်းက ၁၉ ပွဲကစား ရမှတ် ၄၅ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

အမှတ်ပေးဇယားကို ရမှတ် ၄၅ မှတ်နဲ့ ဦးဆောင်နေပြီး ဒုတိယနေရာက ရှမ်းယူနိုက်တက်ကို ၃ ပွဲအလို ၂ မှတ်ဖြတ်ထားတာကြောင့် လက်ကျန် ပွဲတွေမှာ ရန်ကုန်အသင်း အဖြေထုတ်ရမှာပါ။



36772300_10160757444390226_434364916116226048_o.jpg

Photo - YUFC

 

၂၀၁၈ ခုနှစ်အတွက် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို စတင်ခဲ့တာ အခုဆိုရင်တော့ ရာသီသိမ်းဖို့ ပွဲစဉ် ၃ ပွဲလောက်သာ ကျန်နေပါတော့တယ်။

ဒီအခြေအနေမှာတော့ အမှတ်ပေးဇယားထိပ်ဆုံးကို ဦးဆောင်နေတာ ရန်ကုန်ယူနိုက်တက်အသင်း ဖြစ်ပြီး လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အ သင်းက ဒုတိယနေရာကနေ ကပ်လျက် ဖိအားပေးနေပါတယ်။

Photo - Shan Utd

 

မြန်မာနေရှင်နယ်လိဂ်လို့ ဆိုလိုက်ရင် ကျင်းပခဲ့တဲ့ ၂၀၀၉ ကနေ ၂၀၁၆ အထိ ချန်ပီယံဆိုလို့ ရန်ကုန်နဲ့ ရတနာပုံသာ တစ်လှည့်စီ ယူနေကြရာမှ မနှစ်က ၂၀၁၇ ခုနှစ် မြန်မာနေရှင်နယ်လိဂ်မှာတော့ ရှမ်းပြည်နယ် ကိုယ်စားပြု ရှမ်းယူနိုက်တက်အသင်းက ပထမဆုံးအကြိမ် ကြားဖြတ်ဝင်ယူ လိုက်ပါတယ်။

ဒါကြောင့် မြန်မာနေရှင်နယ်လိဂ်မှာ ချန်ပီယံဖြစ်ဖူးတဲ့ အသင်း ၃ သင်းပေါ်ထွက်လာခဲ့ပြီ ဖြစ်ပြီး ဒီနှစ်မှာတော့ ယခင်ကလို့ မြန်မာနေရှင်နယ်လိဂ် က ၂ သင်းတည်းပြိုင်တဲ့ ပြိုင်ပွဲမဟုတ်တော့ပဲ ၃ သင်းပြိုင်တဲ့ ပြိုင်ပွဲစဖြစ်လာပါတော့တယ်။

ထိပ်ဆုံးက ဦးဆောင်နေတဲ့ ရန်ကုန်ကို ဒုတိယနေရာက ရှမ်းက ပွဲတူ ၂ မှတ်လျော့အနေအထားနဲ့ ဖိအားပေးနေတာ ကြောင့် လက်ကျန် ၃ ပွဲက မှားတဲ့အသင်း ခံသွားရဖို့ ရှိနေပါတယ်။

ဒီတစ်ပတ်မှာတော့ ရန်ကုန်နဲ့ရှမ်းက ပြီးခဲ့တဲ့ ပွဲစဉ် ၁၃ က လက်ကျန်ပွဲစဉ်တွေကို ကစားသွားမှာ ဖြစ်ပြီး ရန်ကုန်အသင်းက ဟံသာဝတီအသင်း ကိုလည်းကောင်း၊ရှမ်းအသင်းက ဇွဲကပင်ယူနိုက်တက်အသင်းကိုလည်းကောင်း အသီးသီးဧည့်ခံကစားသွားမှာပါ။

 

ဒီပွဲစဉ်တွေပြီးရင်တော့ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၂၁ နဲ့ ၂၂ ကို ဆက်လက်ကစားသွားမှာ ဖြစ်ပြီး ရန်ကုန်အသင်းက မြဝတီ၊ဆောက်သမ်း မြန်မာအသင်းတို့နဲ့လည်းကောင်း၊ရှမ်းအသင်းက ရခိုင်၊မြဝတီအသင်းတို့နဲ့လည်းကောင်း အသီးသီး ကစားရပါမယ်။

ဒီနေရာမှာ နှစ်သင်းစလုံး ထိပ်တိုက်တွေ့နေတဲ့ မြဝတီအသင်းက ရာသီမကုန်ခင်မှာပင် တန်းဆင်းသွားရပြီဖြစ်သလို ရန်ကုန်အသင်းနဲ့တွေ့မယ့် ဆောက်သမ်းအသင်းကလည်း ချန်ပီယံဆုအတွက် မဆိုင်တော့သလို တန်းမဆင်းရဖို့လည်း သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။

Photo - MNL

 

ဆက်လက်ပြီး ရှမ်းအသင်းကတော့ ရခိုင်အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး ရခိုင်အသင်းကတော့ အမှတ်ပေးဇယားအဆင့် ၉ နေရာမှာ ရပ်တည်နေပြီး ဆောာက်သမ်းမြန်မာနည်းတူ အခြေအနေမှာ ရှိနေတာကြောင့် ရန်ကုန်ရောရှမ်းအသင်းအတွက်ပါ ပေါ့ပေါ့ပါးပါး ကစားနိုင်မယ့် အခြေအနေမှာ ရှိနေပါတယ်။

ဒါကြောင့် တစ်ဖက်က ကြည့်မယ်ဆိုရင် ရန်ကုန်အသင်းအနေနဲ့ ယခု ကစားရမယ့် ဟံသာဝတီနဲ့ပွဲမှာသာ ရလဒ်ကောင်းကို ပိုင်ဆိုင်နိုင်ခဲ့မယ်ဆို ရင် ချန်ပီယံဖြစ်ဖို့ သေချာသလောက်နီးပါးအထိ ရှိသွားမှာ ဖြစ်ပြီး ရှမ်းအသင်းကလည်း ယခုနှစ်မှာ လူငယ်ကစားသမားတွေနဲ့ အတွဲအဖက် ညီ ညီ ကစားနေပြီး အဆင့် ၄ နေရာထိ တက်လှမ်းထားနိုင်တဲ့ ဇွဲကပင်အသင်းကိုသာ ရလဒ်ကောင်းထားနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

ဒီပွဲစဉ်တွေ မတိုင်မီ ရန်ကုန်အသင်းနဲ့ ရတနာပုံအသင်းတို့ မန္တလေးမြို့ မန္တလာသီရိကွင်းကြီးမှာ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်အဖြစ် ကစားခဲ့ကြပြီး ရန်ကုန်အသင်းက ၂-၁ ဂိုးနဲ့ အနိုင်သွားပါတယ်။

အဲ့ဒီပွဲအပြီးမှာတော့ ပရိသတ်တွေထံကနေ ဝေဖန်သံအမျိုးမျိုးထွက်ပေါ်လာခဲ့ပြီး သက်ဆိုင်ရာ ကွင်းလယ်ဒိုင်ကိုလည်း ဒိုင်ကော်မတီက ပွဲပယ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

အကြောင်းကတော့ ရန်ကုန်အသင်းနဲ့ ရတနာပုံအသင်းတို့ပွဲမှ ဖြစ်စဉ်အချို့ဟာ အငြင်းပွားဖွယ်ရာတွေ ဖြစ်ခဲ့ပြီး နှစ်ဖက် နည်းပြနဲ့ ကစားသမား တွေကြားမှာ အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဖြစ်ရပ်ကြောင့် အနိုင်ရသွားတဲ့ ရန်ကုန်အသင်းအပေါ်မှာလည်း ပရိသတ်နဲ့ အခြားသော အသင်းမှ ကစားသမားအချို့က ပြောဆို ဝေဖန် သံတွေ ထွက်နေတာတွေလည်း ရှိပါတယ်။

ဒါကြောင့် ဒီအသံတွေနဲ့အတူ ရန်ကုန်အသင်း ချန်ပီယံ ဖြစ်ခဲ့ရင် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှာ ဘယ်လိုမျိုး ဝိဝါဒတွေ ကွဲအုံးမလဲ၊လိဂ်က လာ မယ့်နှစ်တွေမှာ အခုလို အဖြစ်မျိုးတွေ လျော့ကျအောင် ဘယ်လိုမျိုးပြင်ဆင်နိုင်မှာလဲ၊ ဘယ်လိုကောင်းမွန်တဲ့ ပြုပြင်မှုတွေကို MPT နဲ့ ချုပ်ဆို ထားတဲ့ စပွန်ဆာ စာချုပ်ကာလမှာ လုပ်ဆောင်သွားနိုင်မလဲ စိတ်ဝင်တစားစောင့်ကြည့်ရပါမယ်။

မြန်မာနေရှင်နယ်လိဂ်ကို ၂၀၀၉ခုနှစ်က စတင်ခဲ့လို့ အခုဆိုရင် ၉ နှစ် ကာလကို ရောက်ရှိနေပြီ ဖြစ်ပြီး လာမယ့် ၂၀၁၉ မြန်မာနေရှင်နယ်လိဂ်က (၁၀)စုနှစ်တစ်စုကို စတင် ကူးပြောင်းမှာ ဖြစ်တာကြောင့်လည်း သမိုင်း မှတ်တမ်း အရ အင်မတန်မှ အရေးကြီးတဲ့အချိန်မှာ မြန်မာနေရှင်နယ် လိဂ်ရဲ့ ပုံရိပ်က ထိုးတက်မှာလား၊ထိုးကျမှာလားဆိုတာ အရမ်းကို ရင်ခုန်စရာကောင်းနေပါတယ်။

ဘာပဲ ဖြစ်ဖြစ် ဒီနှစ် ချန်ပီယံက ရန်ကုန်အသင်းအတွက် လက်တစ်ကမ်းမှာ ရောက်နေပေမယ့် ခြေချော်ခွင့်တော့ မရှိလို့ ဘယ်အသင်းပဲ ဖြစ်ဖြစ် ရန်ကုန်အသင်း ပေါ့လျော့မိတာနဲ့ ပါးစပ်နားရောက်မှ ပြုတ်ကျမယ့် ထမင်းလုပ်လို အဖြစ်မျိုးနဲ့ ကြုံနိင်တယ်လို့သာ......။

Share

Loading Next Article...
က္က