အာဆီယံ ယူ-၁၆ ပြိုင်ပွဲအတွက် ထိုင်းနိုင်ငံမှာ ခြေစမ်းကစားနေတာ ဖြစ်ပါတယ်။

မြန်မာ ယူ-၁၆ အသင်းကို ယူ-၂၀ ကမ္ဘာ့ဖလားဝင်မြန်မာအသင်းရဲ့ လက်ထောက်နည်းပြ ဦးညီညီလတ်တာဝန်ယူကိုင်တွယ်နေပြီး အင်ဒိုနီးရှား မှာ ကစားမယ့် အာဆီယံ ယူ-၁၆ ပွဲအတွက် ပြင်ဆင်နေတာပါ။



Photo - FA Thailand

 

အာဆီယံ ယူ-၁၆ အမျိုးသား ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းအနေနဲ့ ထိုင်းနိုင်ငံမှာ ပြိုင်ပွဲကြို ခြေ စမ်းပွဲများ ကစားနေပါတယ်။

ထိုင်းရောက် ယူ-၁၆ အသင်းကို အောင်သူနဲ့အဖွဲ့ သွားရောက်အားပေး 

ပြီးခဲ့တဲ့ ၂၀ ရက်နေ့က ထိုင်းနိုင်ငံကို ထွက်ခွာသွားတာဖြစ်ပြီး ၂၁ ရက်နေ့မှာတောာ့ ဘန်ကောက်ကောလိဂ်အသင်းကို ၄-၁ ဂိုးနဲ့ ဂိုပြတ်အနိုင် ယူပြထားပါတယ်။

Photo - FA Thailand

 

ဒီကနေ့မှာတော့ ထိုင်းလက်ရွေးစင် ယူ-၁၆ အသင်းနဲ့ ခြေစမ်းပွဲထပ်မံ ကစားခဲ့ပြီး တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ပါတယ်။ ပထမပိုင်းကတည်းက တစ်ဖက်တစ်ဂိုးစီ သရေကျနေခဲ့တာ ဖြစ်ပြီး ဒီရလဒ်အတိုင်း ပွဲပြီးခဲ့ပါတယ်။

မြန်မာယူ-၁၆အသင်းတွက် ဂိုးကိုတော့ နောင်နောင်စိုး မိနစ်၂၄ တွင်သွင်းယူပေးခဲ့တယ်လို့ သိရပါတယ်။

AFF U16 Championship 2018 မှာတော့ ယူ၁၆ မြန်မာ့လက်ရွေးစင်အသင်းဟာ အုပ်စု(က) တွင် အိမ်ရှင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တီမော စတဲ့ ယူ၁၆ အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ပြိုင်ပွဲကိုတော့ ဇူလိုင် ၂၉ ကနေ သြဂုတ် ၁၁ အထိ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က