အာရှအားကစားပွဲတော်အတွက်ပါ အောင်သူ့ကို ခေါ်ယူထားတယ်လို့ သိရပါတယ်။

မြန်မာအသင်းကတော့ မနေ့က ဇူလိုင် ၂၃မှာ ပြိုင်ပွဲကျင်းပမယ့် မန္တလေးကို ထွက်ခွာသွားနှင့်ပြီ ဖြစ်ပေမယ့်လည်း အောင်သူကတော့ ဇူလိုင် ၃၀ မှ အသင်းနဲ့ ပူးပေါင်းနိုုင်မှာပါ။



Photo - Police Tero

 

Alpine Cup 2018 လေးနိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲကို မြန်မာအပါအဝင် တောင်ကိုရီးယား ယူ-၁၉၊ဘာရိန်း ယူ-၂၃ နဲ့ ထိုင်းယူ-၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ထိုင်းရောက် ယူ-၁၆ အသင်းကို အောင်သူနဲ့အဖွဲ့ သွားရောက်အားပေး 

မြန်မာအသင်းအနေနဲ့ အာရှအားကစားပွဲတော်အတွက် အကြို ပြင်ဆင်တဲ့အနေနဲ့ ကစားတာဖြစ်ပြီး နည်းပြချုပ်အန်တွန်နီဟေးက တာဝန်ယူ ကိုင်တွယ်မှာ ဖြစ်ပါတယ်။

Photo - MFF

 

အသင်းရဲ့ ပဏာမ ကစားသမား စာရင်းကိုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ထုတ်ပြန်ထားပြီး ဖြစ်ကာ ယူ-၂၃ အသက်ကျော်ကစားသမား ၄ ဦးနဲ့အတူ မျက်နှာသစ်ကစားသမားအချို့ကိုလည်း ရွေးချယ်ထားတာ တွေ့ရပါတယ်။

ဆူဇူကီးအကြို မြန်မာအသင်းရဲ့ ခြေစမ်းပွဲများ 

ဒါ့အပြင် ယခုလူစာရင်းမှာ ပြည်ပကလပ်မှာ ထွက်ကစားနေတဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် ထိုင်းလိဂ်(၁) ကလပ် Police Tero အသင်းရဲ့ တိုက်စစ်မှူး အောင်သူ ပါဝင်လာခဲ့ပါတယ်။

Photo - MFF

 

ဖီဖာ အသိအမှတ်ပြု ပြိုင်ပွဲမဟုတ်လို့ ယခုလို ကလပ်အသင်းတွေအနေနဲ့ ကစားသမား စေလွှတ်ဖို့ သတ်မှတ်ချက်မရှိပေမယ့်လည်း Police Tero အသင်းကတော့ စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာာအသင်းအနေနဲ့ မနေ့က ဇူလိုင် ၂၃မှာ ပြိုင်ပွဲကျင်းပမယ့် မန္တလေးမြို့ကို ထွက်ခွသွားနှင့်ပြီ ဖြစ်ပေမယ့်လည်းအောင်သူကတော့ ဇူလိုင် ၃၀ ရက်နေ့မှသာ လာရောက်ပူးပေါင်းမယ်လို့ သိရပါတယ်။

Photo - MFF

 

" အောင်သူ့ကို လာရောက်ကစားခွင့်ရဖို့ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ညှိုနှိုင်းမှုတွေ ပြုလုပ်ထားခဲ့တာပါ။ Police Tero အသင်းပိုင်ရှင် ကလည်း မြန်မာ လူမျိုး ဖြစ်တာကြောင့် အခုလို စေလွှတ်ပေးတာလည်း ပါပါတယ်။" လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေး မှူး ဦးကိုကိုသိန်းက ပြောပါတယ်။

အောင်သူ့ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယခု Alpine Cup 2018 လေးနိုင်ငံ ဖိတ်ခေါ်ဖလားအတွက်သာမက လာမယ့် အာရှအားကစားပွဲ တော်အတွက်ပါ တောင်းဆိုထားတယ်လို့ သိရပြီး Police Tero အသင်းကလည်း စေလွှတ်ပေးမယ်လို့ ထုတ်ဖော်ပြောထားကြောင်းလည်း ဦးကို ကိုသိန်းက ဆက်လက်ပြောပါတယ်။

လေးနိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲကိုတော့ လာမယ့် သြဂုတ်လ ၁ ရက်နေ့က သြဂုတ်လ ၅ ရက်နေ့အထိ မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်း မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က