AD
AD
AD

မြန်မာအသင်းအနေနဲ့ အာရှအင်အားကြီး အီရန်၊ဆော်ဒီနဲ့မြောက်ကိုရီးယားအသင်းတို့နဲ့အတူ ကျရောက်နေတာကြောင့် အခုလို မဲပြန်ခွဲမယ် ဆိုတော့ အခွင့်ရေးကောင်းပဲ ဖြစ်ပါတယ်။

play

 

အာရှအားကစားပွဲတော်မှာ ထည့်သွင်းကျင်းပမယ့် အမျိုးသား ဘောလုံးပြိုင်ပွဲရဲ့ အုပ်စုတွေကို မဲခွဲဆုံးဖြတ်ပြီး ဖြစ်ပေမယ့်လည်း ယခုအခါ ပြန် လည်မဲခွဲဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

 

အကြောင်းကတော့ ယခုလအစောပိုင်းတုန်းက ပြိုင်ပွဲကနေ နှုတ်ထွက်သွားခဲ့တဲ့ ယူအေအီးနဲ့ ပါလက်စတိုင်းအသင်းတို့ဟာ ပြန်လည်ပါဝင်လာ ခဲ့တဲ့အတွက် ဖြစ်ပါတယ်။

play

 

ဒါကြောင့် မူလ ပြိုင်ပွဲဝင်အသင်း ၂၄ သင်းကို ၄ သင်းပါ တစ်အုပ်စုနဲ့ အုပ်စု ၆ အုပ်စု ခွဲထားခဲ့ရာမှ ယခုအခါ အသင်းအားလုံးကို ပြန်လည်ပြီး တော့ မဲခွဲသွားတော့မှာ ဖြစ်ပါတယ်။

အသင်း ၂၆ သင်း ဖြစ်သွားတာကြောင့် ဘယ်လို ပုံစံနဲ့ မဲခွဲမယ်ဆိုတာ မသိရပဲ မဲခွဲမှုကိုတော့ ဒီကနေ့ ဇူလိုင် (၂၅) ရက်နေ့ မြန်မာစံတော်ချိန် နေ့ လည် ၁ နာရီခွဲမှာ မဲခွဲမယ်လို့ သိရပါတယ်။

play

 

အခုလို မဲပြန်ခွဲမယ်ဆိုတဲ့ သတင်းကတော့ မြန်မာအသင်းအတွက် သတင်းကောင်းလို့ ဆိုရမှာ ဖြစ်ပြီး အကြောင်းကတော့ မြန်မာအသင်းဟာ နှစ် ပေါင်း ၂၀ ကြာမှာ ပြန်ပါဝင်ကစားမယ့် ဒီပြိုင်ပွဲမှာ အုပ်စုတွင်း အင်အားကြီး အသင်းတွေနဲ့ ကျရောက်နေခဲ့တာ ဖြစ်ပါတယ်။

မြန်မာအသင်းရဲ့ အုပ်စုမှာ အီရန်၊မြောက်ကိုရီးယား၊ဆော်ဒီအာရေဗျအသင်းတို့ ကျရောက်နေတာကြောင့် အခုလို မဲပြန်ခွဲမယ်ဆိုတော့ မြန်မာ အတွက် အခွင့်အရေးကောင်းတစ်ရပ် ဖြစ်လာခဲ့တာပါ။

ဒီပြိုင်ပွဲက အသက် ၂၃ နှစ်အောက်ပြိုင်ပွဲ ဖြစ်ပေမယ့်လည်း အသက်ကျော် ကစားသမား ၃ ဦး ပါဝင်ခွင့်ပေးထားပြီး မြန်မာအသင်းကတော့ လက်ရှိမှာ ပဏာမ ကစားသမား ၂၆ ယောက်နဲ့ မန္တလေးမြို့မှာ စတင်လေ့ကျင့်နေပြီ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD