အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအပြီးမှာတော့ အသင်းကို အနားပေးထားပါတယ်။

အိုလံပစ်ပြိုင်ပွဲကို ဝင်ပြိုင်မယ့်အသင်းကို ပြည်တွင်းနည်းပြနဲ့သာ ဆက်လက်ကစားစေမှာဖြစ်ပြီး လက်ရှိနည်းပြချုပ်အဖြစ် ဦးဝင်းသူမိုးကို တာဝန် ပေးထားပါတယ်။



Photo - MFF

 

၂၀၂၀ အိုလံပစ် ခြေစစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲအတွက် အုပ်စုများမဲခွဲပွဲကို လာမယ့် သြဂုတ်လ ၂ ရက်နေ့ မနက် (၁၁း၀၀)နာရီမှာ ကျင်းပ သွားတော့မှာပါ။

အိုလံပစ် ခြေစစ်ပွဲမှာ အတွေ့အကြုံသာ ယူရအုံးမယ့် မြန်မာအမျိုးသမီးအသင်း 

မြန်မာအသင်းအနေနဲ့  AFC ရဲ့ ဆီဒင်အဆင့် သတ်မှတ်ချက်အရ ပထမအဆင့်မှာ  အသင်း ၁၉ သင်းနဲ့အတူ စတင်ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပြီး အဆိုပါ ပထမအဆင့်ခြေစစ်ပွဲကိုတော့ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၄ ရက်ကနေ ၁၃ ရက်နေ့အထိ ကစားသွားရမှာပါ။

Photo - MFF

 

လက်ရှိမှာတောာ့ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲကို ယှဉ်ပြိုင်ကစားထားပြီး အောင်မြင်မှုတော့ ရယူနိုင်ခဲ့ခြင်းမရှိပါဘူး။

အဆိုပါ အသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ နည်းပြ ဦးဝင်းသူမိုးကို လက်ရှိမှာ အသင်းနည်းပြအဖြစ် ဆက်လက်တာဝန်ပေးအပ်သွား မယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဆိုပါတယ်။

 

" အမျိုးသမီးအသင်းကို ပြည်ပ နည်းပြခန့်အပ်ဖို့တော့ အစီအစဉ်မရှိပါဘူး။လက်ရှိတော့ ပြည်တွင်းက ဦးဝင်းသူမိုးကို တာဝန်ပေးထားပြီး လာမယ့် အိုလံပစ်ခြေစစ်ပွဲတွေကိုလည်း ပြည်တွင်းနည်းပြနဲ့သာ ဆက်လက် ပြိုင်ပွဲဝင်သွားစေမှာပါ။" လို့ ဦးကိုကိုသိန်းကဆိုပါတယ်။

အိုလံပစ် အားကစားပြိုင်ပွဲကိုမှာတော့ မြန်မာအမျိုးသမီးအသင်းဟာ ၁၉၉၆ ကနေ ၂၀၀၀ ခုနှစ် အပိုင်းအခြားကာလအတွင်း ဝင်ရောက် ယှဉ် ပြိုင်နိုင်ခြင်း လုံးဝမရှိခဲ့ပဲ ၂၀၀၄ ကနေ ၂၀၁၆ ခုနှစ်အထိ အပိုင်းအခြားမှာလည်း ခြေစစ်ပွဲကို အောင်မြင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

Photo - MFF

 

လက်ရှိမှာတော့ မြန်မာအမျိုးသမီးအသင်းဟာ အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ရဖို့ ခြေစစ်ပွဲပထမအဆင့်က စတင်ရတော့မှာ ဖြစ်ပြီး ဒီအ ဆင့်ကို ကျော်လွန်ခဲ့မယ်ဆိုရင် ဒုတိယ အဆင့်ခြေစစ်ပွဲမှာ ပထမအဆင့်မှ ထိပ်ဆုံး ၁၀ သင်းနဲ့ အာရှအဆင့် ၆ နှင့် ၇ (ဗီယက်နမ်နှင့် ဥဇဘက်ကစ္စတန်) နှစ်သင်းတို့နဲ့ ထပ်မံပေါင်းကာ စုစုပေါင်း ၁၂ သင်းနဲ့ ၂၀၁၉ ဧပြီ ၁ မှ ၉ အထိ ဆက်လက် ကျင်းပသွားမှာ ဖြစ်ပါတယ်။

ယင်းနောက် တတိယအဆင့် ခြေစစ်ပွဲကို ဆီဒင်အဆင့် ၁ မှ ၅ အထိ (သြစတြေးလျ၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ တရုတ်၊ထိုင်း)တို့နဲ့ အတူ ဒုတိယအဆင့်ကနေ အနိုင်ရလာတဲ့ အသင်း ၃ သင်းနဲ့ထပ်မံ ပေါင်းကာ စုစုပေါင်း အသင်း(၈)သင်းနဲ့ ဆက်လက်ကျင်းပ သွားမှာပါ။

တတိယအဆင့် ခြေစစ်ပွဲတွေကိုတော့ ၂၀၂၀ ခုနှစ် ဇန်နဝါရီ(သို့)ေ ဖဖော်ဝါရီတို့မှာ ကျင်းပသွားမယ်လို့ သိထားရပါတယ်။ တတိယအဆင့် ခြေစစ်ပွဲအောင်မြင်ခဲ့ပါကလည်း ခြေစစ်ပွဲအောင်အုံးမှာ မဟုတ်ပဲ အဆိုပါ အသင်း ၄ သင်းကို အိမ်ကွင်းအဝေးကွင်း နှစ်ကျော့စနစ်နဲ့ ကစားခိုင်း အုံးမှာ ဖြစ်ပြီး အနိုင်ရတဲ့ (၂) သင်းသာ အာရှ ကိုယ်စားပြု ၂၀၂၀ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲကြီးမှာပါဝင်နိုင်မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က