မြန်မာ ယူ-၁၆ အသင်းက ယူ-၂၁ လိဂ်ပြိုင်ပွဲမှာ MFF Youth အသင်းအမည်နဲ့ ပါဝင်နေတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ဇူလိုင်လ ၂၉ရက်နေ့ကနေ သြဂုတ်လ ၁၁ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပြီး အဆိုပါပြိုင်ပွဲကြောင့် ယူ-၂၁ လိဂ်ပွဲစဉ် ၅ ပွဲ ကို အချိန်ပြောင်းခဲ့ရပါတယ်။

Photo - ASEAN

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာဆီယံ ယူ-၁၆ အမျိုးသား ဘောလုံးပြိုင်ပွဲကို မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း ဝင် ရောက်ယှဉ်ပြိုင်မှာပါ။

ထိုင်းနဲ့မြန်မာ သရေကျခဲ့တဲ့ ယူ-၁၆ ခြေစမ်းပွဲ 

ပြိုင်ပွဲကြို ပြင်ဆင်မှုတွေကိုတော့ ထိုင်းနိုင်ငံမှာ ပြုလုပ်ထားခဲ့ပြီး တစ်ပွဲသရေ တစ်ပွဲနိုင်ရရှိခဲ့ကာ ပြည်တွင်း ယူ-၂၁ အမှတ်ပေးပြိုင်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

Photo - MFF

 

နည်းပြချုပ် ဦးညီညီလတ် ကိုင်တွယ်နေတဲ့ မြန်မာ ယူ-၁၆ အသင်းရဲ့ အာဆီယံ ယူ-၁၆ ပွဲစဉ်တွေကိုတော့ ဇူလိုင်လ ၂၉ ကနေ သြဂုတ်လ ၁၁ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

မြန်မာကတော့ အုပ်စု(က)မှာ အိမ်ရှင် အင်ဒိုနီးရှားနဲ့အတူ၊ဗီယက်နမ်၊ကမ္ဘောဒီးယား၊အရှေ့တီမော၊ဖိလစ် ပိုင်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး တစ်ဖက် အုပ်စု(ခ)မှာတေ့ ထိုင်း၊မလေးရှား၊လာအို၊ဘရူနိုင်းနဲ့ စင်ကာပူအသင်းတို့ အတူ ကျရောက်နေပါတယ်။

Photo - MNL

 

ဒီပြိုင်ပွဲကစားမှာ ဖြစ်လို့ မြန်မာ ယူ-၁၆ အသင်း ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာနေရှင်နယ်လိဂ် ယူ-၂၁ အမှတ်ပေးဘောလုံးပြိုင်ပွဲရဲ့ ပွဲစဉ် အချို့ကို အချိန်ပြောင်းလဲ ကျင်းပသွားဖို့ လိုအပ်နေပါတယ်။

ပွဲစဉ် ပြောင်းလဲ ကျင်းပရမယ့် ပွဲတွေကတော့ -

၁၀-၈-၂၀၁၈ 

စစ်ကိုင်း-ဆောက်သမ်းမြန်မာ(ပဒုမ္မာ)-၃း၃၀

၁၃-၈-၂၀၁၈

စစ်ကိုင်း-MFF Youth (စလင်း)-၃း၃၀

၂၆-၈-၂၀၁၈

MFF Youth - ရှမ်း (သုဝဏ္ဏ) - ၃း၃၀

၂၉-၈-၂၀၁၈

MFF Youth – ISPE(A) (သုဝဏ္ဏ)-၃း၃၀

၂-၉-၂၀၁၈

ရတနာပုံ-ISPE(A) (ပဒုမ္မာ)- ၃း၃၀ တို့ ဖြစ်တယ်လို့ မြန်မာနေရှင်နယ်လိဂ် ကော်မတီက ထုတ်ပြန်လာပါတယ်။

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းဟာ မြန်မာနေရှင်နယ်လိဂ် ယူ-၂၁ အမှတ်ပေးပြိုင်ပွဲမှာ MFF YOUTH အသင်းအမည်နဲ့ ပါဝင်ကစားနေတာ ဖြစ်ပြီး ပွဲ ၂၀ အထိ ကစားအပြီးမှာ ၅ ပွဲနိုင် ၆ ပွဲသရေ ၉ ပွဲရှုံးကာ အဆင့် ၁၀ နေရာမှာ ရပ်တည်ထားပါတယ်။

Share

Loading Next Article...
က္က