ကြံ့ခိုင်မှု တိုးတက်မလာတဲ့အတွက် ပြန်လည်စေလွှတ်လိုက်တာ ဖြစ်ပါတယ်။

ပဏာမ ၂၆ ယောက်မှာ အစောဆုံးပြုတ်တဲ့ ၃ ယောက်ဖြစ်လာပြီး ကြံ့ခိုင်မှု အားနည်းနေပေမယ့် တိုးတက်လာမလားဆိုပြီး လက်တွဲခဲ့ပေမယ့် တိုးတက်လာခြင်းမရှိလို့ ပြန်လည်စေလွှတ်လိုက်ရတာပါ။

Photo - MFF

 

Alpine Cup 2018 ယှဉ်ပြိုင်ဖို့ မြန်မာ့လက်ရွေးစင်အသင်းကို ပဏာမ ကစားသမား ၂၆ ယောက်နဲ့ စုပေါင်းလေ့ကျင့်နေပြီး အခုတော့ ကစားသ မား ၃ ဦးကို အိမ်ပြန်လွှတ်လိုက်ပါပြီ။

ဒီလေးယောက်မှာ ကျန်ခဲ့မယ်တစ်ယောက်က ဘယ်သူလဲ? 

ကြံ့ခိုင်မှု မပြည့်ဝလို့ ရတနာပုံအသင်းမှ ရှိုင်းသူရနဲ့ မျိုးကိုထွန်းတို့ကို အိမ်ပြန်လွှတ်ခဲ့တာ ဖြစ်သလို စစ်ကိုင်းက ခေါ်ထားတဲ့ အေဇင်မှူးကိုလည်း ပြန်လွှတ်လိုက်တာ ဖြစ်ပါတယ်။

Photo - MFF

 

ရတနာပုံအသင်းမှ ရှိုင်းသူရမှာ မနှစ်က ပွဲပယ်ပြစ်ဒဏ်တွေကြောင့် ထိုင်းကလပ်အသင်းထံ သွားရောက်ကစားခဲ့ရသလို၊ ယခုနှစ်မှာလည်း ဒဏ် ရာကြောင့် ရုန်းကန်နေရသလို မျိုးကိုထွန်းကလည်း ဆူဇူကီးဖလားနောက်ပိုင်း ဒဏ်ရာတွေနဲ့ နပန်းလုံးနေခဲ့ရသူဖြစ်ပါတယ်။

၎င်းတို့ နှစ်ဦးကို ကြံ့ခိုင်မှု တိုးတက်လာမလားဆိုပြီး လက်ရွေးစင်အသင်းမှာ ခေါ်ထားတာ ဖြစ်ပေမယ့်လည်း ကြံ့ခိုင်မှု အခြေအနေ တိုးတက် လာခြင်းမရှိလို့ ပြန်လွှတ်လိုက်ရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပေးထားပါတယ်။

Photo - MFF

 

ဂိုးသမားနေရာမှာလည်း စီနီယာအဖြစ် ကျော်ဇင်ထက်၊လူငယ်ဂိုးသမားတွေအဖြစ် ဆန်းဆက်နိုုင်နဲ့ ဘုန်းသစ္စာမင်းတို့ ရှိနေတာကြောင့် စတုတ္ထ ဂိုးသမားဖြစ်တဲ့ အေဇင်မှူးကို ပြန်လည်စေလွှတ်လိုက်တာ ဖြစ်ပါတယ်။

ကြံ့ခိုင်မှုအပြည့်အ၀ မရှိသေးတဲ့ ကစားသမားများ နေရာအတွက် မြန်မာ ယူ-၁၉ အသင်းမှ လွင်မိုးအောင် (ISPE) ကို အသစ်ခေါ်ယူသွားမယ်လို့ သိရပါတယ်။

Photo - MFF (အစားထိုးခေါ်ယူမယ့် လွင်မိုးအောင်)

 

ဆက်လက်ပြီး မြန်မာအသင်းမှာ ယူ-၂၃ ကျော်ကစားသမား ၄ ဦးရှိနေပြီး တစ်ယောက်ကို မဖြစ်မနေ ချန်ရစ်ဖို့ ကျန်နေသေးပြီး ဘယ်သူ့ကို ချန် ရစ်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Share

Loading Next Article...
က္က