တူးလော့စ်ကမ္ဘာ့လူငယ်ဘောလုံးပွဲတော် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အသင်းက ကစားသမား အားလုံးနီးပါးကို ပြောင်းလဲထားတာ တွေ့ရပါတယ်။

ကစားသမားအားလုံးနီးပါးက တက္ကသိုလ် လက်ရွေးစင်တွေအဖြစ် မြင်တွေ့ရပြီး Alpine Cup 2018 မတိုင်ခင်ကစားခဲ့တဲ့ တူးလော့စ်ကမ္ဘာ့လူ ငယ်အားကစားပွဲတော်ဝင် လူငယ်တစ်သင်းလုံးကို ပြောင်းလဲပြီးလာပြိုင်တာကတော့ ထူးခြားပါတယ်။

 

အာရှအားကစားပွဲတော် အတွက် အကြို ပြင်ဆင်မှု တစ်ရပ်အဖြစ် ကစားမယ့် Alpine Cup 2018 လေးနိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲကိုတော့ မြန်မာ အသင်းအပါအဝင် တောင်ကီုရီးယား ယူ-၁၉၊ဘာရိန်း ယူ-၂၃ နဲ့ ထိုင်း ယူ-၂၃ အသင်းတို့ ပါဝင်ကစားကြမှာပါ။

ယူ -၂၃ လူစာရင်းမှ ကစားသမား (၃)ဦးကို အိမ်ပြန်လွှတ် 

မြန်မာအသင်းကတော့ အာရှအားကစားပွဲတော်ကို နှစ်ပေါင်း ၂၀ အကြာမှပထမဆုံး ပြန်ကစားခွင့်ရတာနဲ့အညီ ပြိုင်ပွဲကြို ပြင်ဆင်မှုတွေ အား ကောင်းကောင်းနဲ့လုပ်ဆောင်နေပါတယ်။

Photo - KFA

 

အခု ဖိတ်ခေါ်ထားတဲ့ အသင်းတွေအားလုံးကလည်း အာရှအားကစားပွဲတော်ကို ဝင်ကစားကြမှာ ဖြစ်ပြီး တောင်ကိုရီးယား ယူ-၂၃ အသင်းက တော့ ပြည်တွင်းလိဂ်နဲ့ တိုက်ဆိုင်နေလို့ အခုလို ယူ-၁၉ အသင်းကိုပဲစေလွှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခု DuwunSports ပရိသတ်ကြီးကို ပထမဆုံး မိတ်ဆက်ပေးချင်တဲ့ အသင်းကတော့ မြန်မာအသင်းရဲ့ ပွဲဦးထွက် ပွဲစဉ် အဖြစ် ကစားရမယ့် တောင်ကိုရီးယား ယူ-၁၉ အသင်းပဲ ဖြစ်ပါတယ်။

Photo - MFF

 

တောင်ကိုရီးယား ယူ-၁၉ အသင်းရဲ့ နည်းပြချုပ်အဖြစ် တောင်ကိုရီးယား လူမျိုး ချောင်ဂျူယောင်းက တာဝန်ယူကိုင်တွယ်လာမှာဖြစ်ပါတယ်။ တောင်ကိုရီးယား ယူ-၁၉ အသင်းဆိုပေမယ့် တောင်ကိုရီးယားအသင်းကို ယူ-၂၀ အဖြစ်သာ ဖွဲ့စည်းထားပြီး ၎င်းတို့က အာရှ ယူ-၁၉ ပြိုင်ပွဲ အတွက် ရည်ရွယ်ပြင်ဆင်နေတာ ဖြစ်ပါတယ်။ကစားသမားအများစုက အသက် ၁၉ နှစ်နဲ့ ၁၈ နှစ်ကစားသမားတွေသာ ဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမား အကုန်လုံးနီးပါးက တက္ကသိုလ်လက်ရွေးစင် ကစားသမားများဖြစ်လို့ အသင်းလိုက်စုဖွဲ့မှုနဲ့သာ ကစားဖို့ ရှိပါတယ်။ကလပ် အသင်း ကကစားသမားဆိုလို့ ၃ ၊ ၄ယောက်လောက်သာ ပါဝင်လာတာလည်း တွေ့ရပါတယ်။

ဒီပြိုင်ပွဲမတိုင်ခင်က တူးလော့စ် ဖိတ်ခေါ်ဖလားပြိုင်ပွဲကို ဝင်ပြိုင်ထားတဲ့ လူစာရင်းက ကစားသမားတွေပြန်လည်ပါဝင်လာခြင်းမရှိတာကိုလည်း တွေ့ရပါတယ်။ထူးခြားတာက တောင်ကိုရီးယား ယူ-၁၉ ကစားသမားတွေ အားလုံးနီးပါးကို တက္ကသိုလ်တွေက ရွေးချယ်ထားတာကိုတွေ့ရပြီး ပြိုင်ပွဲ ၂ ခုမှာ ကစားသမား လုံး၀ ထပ်ခြင်းမရှိတာကိုလည်း ဂိုးသမားကအစ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပမယ့် Alpine Cup 2018 ပြိုင်ပွဲကိုလည်း တက္ကသိုလ် လက်ရွေးစင် ကစားသမားတွေကို ရွေးချယ်လာတာတွေ့ရပြီး ၃၊၄ ယောက်လောက်သာ ကလပ်အသင်းမှာ ကစားနေသူတွေအဖြစ် ပါလာတာလည်းတွေ့ရမှာပါ။

လက်ရှိနည်းပြကလည်း ၂၀၁၈ မေလကမှ ယူ-၂၁ အသင်းကို စတင်ကိုင်တွယ်လာတာဖြစ်ပြီး တူးလော့စ်မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့လူငယ် အား ကစားပြိုင်ပွဲကို စတင်ဆင်နွှဲထားသူ ဖြစ်ပါတယ်။

အဲ့ပွဲမှာတော့ ၃ ပွဲကစား ၃ ပွဲလုံးရှုံးထားခဲ့ပေမယ့်အသင်း တောင်ကိုရီးယားအသင်းရဲ့လူစာရင်းမှာ ဥရောပ လူငယ်အသင်းတွေမှာ ကစားနေတဲ့ ကစားသမားတွေ ပါဝင်ခဲ့တာကိုတွေ့ရပါတယ်။ အကောင်းဆုံး အသင်းမှာ ပါဝင်ခဲ့တဲ့ လီကောင်အင်က စပိန်ကလပ် ဗလင်စီယာ လူငယ် အသင်း မှာ ပါဝင်ကစားနေသူ ဖြစ်ပါတယ်။၎င်းကိုတော့ ဒီပြိုင်ပွဲကို ထပ်မံခေါ်ဆောင်လာခြင်းမပြုတောာ့ပါဘူး။ဒါကြောင့် အခုလူစာရင်းကလည်း တောင် ကိုရီးယား ယူ-၁၉ အသင်းကို အသစ်သဖွယ်မြင်တွေ့ရမှာ ဖြစ်ပြီး လူငယ်ကစားသမားတွေကို တက္ကသိုလ်တွေကနေပဲ အများဆုံးရွေးထုတ်တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ စနစ်ကြောင့်လည်း တောင်ကိုရီးယားအသင်းဟာ လူငယ်ကစားသမားတွေကို စိတ်ကြိုက် ရွေးချယ်အသုံးပြုနိုင်တာကို တွေ့ရှိရပါတယ်။

တောင်ကိုရီးယားအသင်းကတော့ ဒီပြိုင်ပွဲပြီးရင် ၁၀ လပိုင်းမှာ အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံမှာ ကစားရမှာ ဖြစ်ပြီး ဗီ ယက်နမ်၊ဂျော်ဒန်၊သြစတြေးလျ အသင်းတွေနဲ့ တစ်အုပ်စုတည်းကျရောက်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က