မြန်မာအသင်းရဲ့ အားကစားစိတ်ဓာတ်အပေါ်မှာ နှစ်ဖက် နည်းပြတွေက ချီးကျူးခဲ့ကြပါတယ်။

တောင်ကိုရီးယား ယူ-၁၉ အသင်းကို ၄ ဂိုးပြတ်အရှုံးကနေ ၃ ဂိုးအထိ ပြန်လည် လိုက်ပါ သွင်းယူနိုင်ခဲ့တဲ့ မြန်မာအသင်းရဲ့ အားကစားစိတ်ဓာတ် အပေါ်မှာတော့ နှစ်ဖက်နည်းပြနှစ်ဦးစလုံးက ချီးကျူးခဲ့ကြပါတယ်။



Photo - MFF

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ Alpine Cup 2018 လေးနိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲကတော့ ဒီကနေ့မှာ ပွဲစဉ် ၂ တွေကို ဆက်လက်ကစားသွားမှာ ဖြစ်ပါတယ်။

အစမကောင်းတော့ အနှောင်းမသေချာခဲ့တဲ့ မြန်မာ(သို့) မြန်မာ ယူ- ၂၃ (၃-၄) တောင်ကိုရီးယား ယူ-၁၉ 

သြဂုတ်လ ၁ ရက်နေ့က အဖွင့်ပွဲစဉ်အဖြစ် မြန်မာ ယူ-၂၃ နဲ့ တောင်ကိုရီးယားယူ-၁၉ အသင်းတို့ ယှဉ်ပြိုင်ကစားသွားခဲ့ကြပြီး တောင်ကိုရီးယား ယူ-၁၉ အသင်းက ၄-၃ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

Photo - MFF

 

ပထမပိုင်းမှာ ၄ ဂိုးပြတ်အထိ ဦးဆောင်ထားပြီးမှ မြန်မာအသင်းက နောက်မှလိုက်ကာ ၃ ဂိုးအထိ ပြန်လည် လိုက်ယူသွင်းခဲ့ခြင်းဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ မြန်မာအသင်းရဲ့ နည်းပြ အန်တွန်နီဟေးက မြန်မာကစားသမားတွေရဲ့ စိတ်ဓာတ်အပေါ် ကျေနပ်တယ်လို့ ထုတ်ဖော်ပြောခဲ့ပြီး လာမယ့်ပွဲမှာလည်း အမှားတချို့ကို ပြုပြင်သွားမယ်လို့ ပြောခဲ့ပါတယ်။

Photo - MFF

 

မြန်မာအသင်းကို ကိုင်တွယ်ချိန်မကြာသေးတဲ့ အတွက် အနည်းငယ် အသင်းနဲ့ အံံဝင်ခွင်ကျ ဖြစ်မှု သိပ်မရှိသေးတာကို မြင်တွေ့ခဲ့ရတယ်လို့ တောင်ကိုရီးယား ယူ-၁၉ နည်းပြက သုံးသပ်ပေးခဲ့ပါတယ်။

" မြန်မာအသင်းနဲ့ နည်းပြသစ် အန်တွန်နီဟေးကို အချိန်အနည်းငယ်ပေးစေချင်ပါတယ်။ သူတို့အသင်းက အသင်းကောင်းတစ်သင်းလို့ မြင်ပါ တယ်။ ၄ဂိုးပြတ်ရှုံးနေရာကနေ ၃ ဂိုးအထိ ပြန်လိုက်သွင်းခဲ့တဲ့ အားကစားစိတ်ဓာတ်ကိုလည်း ချီးကျူးပါတယ်။ဒီပွဲပြီးရင် အာရှပွဲကစားဖို့ အချိန် ရပါသေးတယ်။ ဒီကြားထဲ သေချာပြင်ဆင်လိုက်မယ်ဆိုရင် အာရှအားကစားပွဲမှာ အုပ်စုတက်နိုင်မယ်လို့ ပြောချင်ပါတယ်။" လို့ တောင်ကိုရီးယား ယူ-၁၉ နည်းပြက ထုတ်ဖော်ပြောခဲ့ပါတယ်။

မြန်မာအသင်းအနေနဲ့ ယနေ့ညနေ ၆ နာရီမှာ ဘာရိန်း ယူ-၂၃ အသင်းနဲ့ ကစားမှာ ဖြစ်ပြီး တောင်ကိုရီးယား ယူ-၁၉ အသင်းကတော့ ထိုင်း ယူ -၂၃ အသင်းနဲ့ ယနေ့ ညနေ ၃ နာရီမှာ ကစားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က