ညိုသကြီး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဘာရိန်းနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့လို့ ပရိသတ်တွေက စိုးရိမ်နေကြတာဖြစ်ပြီး၊၎င်းရဲ့လက်ရှိ ကြံ့ခိုင်မှု အခြေအနေကိုတော့ ကျော်ဇင်ထက်က ပြောပြခဲ့ ပါတယ်။

Photo - MFF

 

မနေ့က ဘာရိန်းအသင်းနဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ အသင်းအတွက် အကောင်းဆုံးလက်စွမ်းတွေနဲ့ ကာကွယ်ပေးခဲ့တဲ့ ဂိုးသမား ကျော်ဇင်ထက်ရဲ့ ဒဏ်ရာအခြေအနေသက်သာခဲ့ပြီလို့သိရပါတယ်။

ဘာရိန်းကို သရေကျထားလို့ ထိုင်းအထက် ရပ်တည်ထားနိုင်တဲ့ မြန်မာ 

ကျော်ဇင်ထက်က ဒီပွဲမှာ ယူ-၂၃ ကျော်ကစားသမားအဖြစ် နည်းပြ အန်တွန်နီဟေး ရွေးချယ်ခြင်းခံထားရသူဖြစ်ပြီး အဓိက ဂိုးသမား အဖြစ် လည်း ပွဲထွက်နေသူ တစ်ယောက်ပါ။

Photo - MFF

 

မနေ့က ဘာရိန်းနဲ့ပွဲမှာတော့ အကောင်းဆုံး လက်စွမ်းပြခဲ့ပေမယ့် ကံမကောင်းစွာပဲ ခြေထောက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ပွဲချိန် ၈၅ မိနစ် ဝန်းကျင်လောက်မှာ ရရှိခဲ့တာ ဖြစ်ပြီး ဒီဒဏ်ရာအပေါ် ၎င်းရဲ့ ပရိသတ်တွေက စိုးရိမ်နေတာ ဖြစ်ပါတယ်။

"ကျွန်တော့်ဒဏ်ရာအခြေအနေပြန်ကောင်းနေပါပြီ။ ညိုသကြီးတော့ထိခဲ့ပါတယ်၊ဒါပေမယ့် အခုတော့ အားလုံး အကောင်းပါပဲ။မနက်ဖြန် ပွဲအ တွက်လည်း အဆင်သင့်ဖြစ်နေပါပြီ။" ကျော်ဇင်ထက်ကပြောပါတယ်။

တစ်ခုရှိတာက တောင်ကိုရီးယားကို ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ နည်းပြအန်တွန်နီဟေးက -" ကျော်ဇင်ထက်က ကျွန်တော် အကြိုက်ဆုံး ဂိုးသမား ပါ။သူကအသင်းကို အကောင်းဆုံး လှုံ့ဆောင်ပေးနိုင်သူတစ်ယောက်ပါ။ဒါကြောင့်သူကတော့ နံပါတစ် ဂိုးသမား ဖြစ်နေမှာပါ။" လို့ ပြောထားတာ ရှိပါတယ်။

မနက်ဖြန်မှာတော့ ထိုင်းနဲ့ Alpine Cup 2018 နောက်ဆုံးပွဲ ကစားရမှာဖြစ်ပြီး ကျော်ဇင်ထက်ပဲ ပွဲထွက်လာမလားဆိုတာကတော့ နည်းပြအန် တွန်နီဟေးရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က