အိမ်ရှင် တရုတ်ယူ-၂၁အသင်းအပါအဝင်၊ ဥဇဘတ်ကစ္စတန်ယူ-၂၁၊ တာဂျစ်ကစ္စတန်ယူ-၂၁ နဲ့ မြန်မာယူ-၂၁အသင်းတို့ပါဝင်ယှဉ်ပြိုင်မှာပါ။

ဆီးဂိမ်းအတွက် ရည်ရွယ်ပြင်ဆင်နေတဲ့ မြန်မာယူ-၂၁အသင်းဟာ တရုတ်နိုင်ငံမှာကျင်းပမယ့် ယူ-၂၁ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ဒီပြိုင်ပွဲမှာ အိမ်ရှင် တရုတ်ယူ-၂၁အသင်း အပါအဝင် လေးသင်းပတ်လည်ကစားရမှာဖြစ်ပြီး တရုတ်ဘောလုံးအဖွဲ့ချုပ်ရဲ့ဖိတ်ကြားမှုကြောင့် မြန်မာအသင်းဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။



u21-myanmar.jpg 

၂၀၁၉ဆီးဂိမ်းအတွက် ပြင်ဆင်လေ့ကျင့်နေတဲ့ မြန်မာယူ-၂၁အသင်းကို လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ တရုတ်ဘောလုံးအဖွဲ့ချုပ်က ဖိတ်ကြားခဲ့ပါတယ်။ ပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာ ကျင်းပမှာဖြစ်ပြီး မြန်မာယူ-၂၁အသင်းဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အတည်ပြုခဲ့ပါတယ်။

 

တရုတ်လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၄ရက်ကနေ ၈ရက်အထိကျင်းပမှာဖြစ်ပြီး အိမ်ရှင် တရုတ်ယူ-၂၁အသင်းအပါအဝင်၊ ဥဇဘတ်ကစ္စတန်ယူ-၂၁၊ တာဂျစ်ကစ္စတန်ယူ-၂၁ နဲ့ မြန်မာယူ-၂၁အသင်းတို့ပါဝင်ယှဉ်ပြိုင်မှာပါ။ တရုတ်ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဝင်မယ့် မြန်မာယူ-၂၁အသင်းကို ပြင်ဆင်ဖွဲ့စည်းသွားမှာဖြစ်ပြီး ပဏာမကစားသမား ၅၀ဦးနဲ့စတင်ဖွဲ့စည်းမှာပါ။

 

၂၀၁၉ဆီးဂိမ်းပြိုင်ပွဲအထိရည်ရွယ်ပြင်ဆင်မယ့် မြန်မာယူ-၂၁အသင်းကို နည်းပြချုပ်အဖြစ် ဦးကြည်လွင်က တာဝန်ယူဆောင်ရွက်မှာဖြစ်ပြီး အပြီးသတ်လူရွေးချယ်ပြီးရင် စခန်းဝင်လေ့ကျင့်မှုတွေလုပ်မှာဖြစ်ပါတယ်။ မြန်မာယူ-၂၁အသင်းဟာ ၂၀၁၉အတွင်းမှာ အာဆီယံယူ-၂၂ပြိုင်ပွဲ၊ အာရှယူ-၂၃ခြေစစ်ပွဲနဲ့ ဆီးဂိမ်းကို ဝင်ပြိုင်မှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က