မူလ ၂၆ ယောက်မှ ၃ ယောက်ကို ဦးစွာ အိမ်ပြန်လွှတ်ကာ တစ်ဦးကို ထပ်မံ အစားထိုးထားပြီး ၂၄ ဦးနဲ့ လေ့ကျင့်နေပါတယ်။

လက်ရှိမှာတော့ ပဏာမ ကစားသမား ၂၄ ဦးရှိနေပြီး ထိုင်းခြေစမ်းပွဲအပြီးမှာ ၄ ဦးထပ်မံ လျော့ချမှာ ဖြစ်ကာ အသက်ကျော် ကစားသမား တစ်ဦး သေချာပေါက် ကျန်ခဲ့ရမှာ ဖြစ်ပါတယ်။

Photo - Police Tero Fc

 

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် အာရှအားကစားပွဲတော်အတွက် ရည်ရွယ်ပြင်ဆင်နေတဲ့ မြန်မာ ယူ-၂၃ အသင်းအနေနဲ့ မနက် ဖြန်မှာ ထိုင်းနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

အာရှအားကစားပြိုင်ပွဲဝင်မယ့်အသင်းမှာ အဓိက ကစားသမား (၃)ဦးဒဏ်ရာရရှိနေ 

ထိုင်းနိုင်ငံမှာ ထိုင်းကလပ် Police Tero အသင်းနဲ့ ခြေစမ်းပွဲကစားဖို့ရှိနေပြီး လာမယ့် သြဂုတ်လ ၁၁ ရက်နေ့မှာ ကစားမယ်လို့သိရပါတယ်။

Photo - Police Tero Fc

ဒီပွဲစဉ်ကိုတော့ မြန်မာ ယူ-၂၃ အသင်းအနေနဲ့ Police Tero အသင်းမှာ ကစားနေတဲ့ ကစားသမား အောင်သူကို ပြန်လည်ခေါ်ယူထားတာ ကြောင့် အောင်သူအနေနဲ့ မြန်မာ့လက်ရွေးစင်အသင်းဖက်ကနေ ယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်။

ဒါ့အပြင် လက်ရှိမှာ အသင်းရဲ့ အဓိက ကစားသမား ၃ဦး ဒဏ်ရာရနေတယ်လို့လည်းသိရပြီး ထိုင်းခြေစမ်း ခရီးစဉ်အပြီးမှာတော့ လက်ရှိ ၂၄ ယောက်စာရင်းကနေ အပြီးသတ် ၂၀ ယောက်စာရင်းကို ထုတ်ပြန်မယ်လို့လည်း နည်းပြချုပ် အန်တွန်နီဟေးက ပြောကြားခဲ့ပါတယ်။

မူလက ပဏာမ ၂၆ ယောက်စာရင်းကို ထုတ်ပြန်ထားရာမှ မျိုးကိုုထွန်း၊ရှိုင်းသူရနဲ့ဂိုးသမား အေဇင်မှူးတို့ကို ကလပ်အသင်းတွေထံ ကိုယ်စီပြန် လွှတ်ခဲ့ပြီး လူငယ်ကစားသမား လွင်မိုးအောင်ကို အစားထိုးခေါ်ယူထားတာလည်း ဖြစ်ပါတယ်။

Photo - MFF

 

မြန်မာအသင်းအနေနဲ့ အာရှအားကစားပွဲတော်အတွက် ရည်ရွယ်ပြီး Alpince Cup 2018 ပြိုင်ပွဲကို ဖိတ်ခေါ်ကျင်းပခဲ့ပြီး တောင်ကိုရီးယား ယူ-၁၉၊ ဘာရိန်း ယူ-၂၃ နဲ့ ထိုင်း ယူ- ၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

မြန်မာအသင်းကတော့ မိမိထက် အင်အားကြီးမားတဲ့ အသင်းတွေကို ယှဉ်ပြိုင်ကစားခဲ့ရလို့ အာရှအားကစားပွဲတော်မှာ တွေ့ရမယ့် မြောက်ကိုရီး ယား၊ဆော်ဒီနဲ့ အီရန်အသင်းတို့နဲ့ ပွဲစဉ်တွေအတွက် အတွေ့အကြုံကောင်းတွေရရှိခဲ့ပါတယ်။

ပြိုင်ပွဲမှာတော့ တစ်ပွဲနိုင်၊တစ်ပွဲသရေ၊တစ်ပွဲရှုံးရလဒ်ထွက်ပေါ်ခဲ့ပြီး ဒုတိယ ငွေတံဆိပ် ဆုကို ဆွတ်ခူးခဲ့ပါတယ်။

Share

Loading Next Article...
က္က