အောင်လအန်ဆန်ဟာ မြန်မာနိုင်ငံအတွက် လူမှုအကျိုးပြု လုပ်ငန်းအချို့ကိုလည်းဆောင်ရွက်နေသူဖြစ်ပါတယ်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာစေဖို့အတွက် MMA ရွှေခါးပတ်နှစ်ခုချန်ပီယံ အောင်လအန်ဆန်ကို သံတမန်အနေနဲ့ခန့်အပ်ဖို့ ညှိုနှိုင်းနေပါတယ်။ မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက အောင်လအန်ဆန်ကို ကမ်းလှမ်းထားတာဖြစ်ပြီးအသေးစိတ်အချက်အလက်တွေကို ညှိုနှိုင်းနေကြတာပါ။

37961347_1311922082274259_2667886903767859200_n.jpg

Photo: Aung La Nsang

 

မြန်မာ့စပါးအုံးလို့ ကမ္ဘာကသိတဲ့ MMA ဖိုက်တာ အောင်လအန်ဆန်တစ်ယောက် မြန်မာနိုင်ငံရဲ့ခရီးသွားသံတမန်ဖြစ်လာဖို့ရှိနေပါတယ်။ အောင်လအန်ဆန်ဟာ မြန်မာနိုင်ငံမှာ အချိန်တိုအတွင်း လူသိများလာပြီး တစ်နိုင်ငံလုံးအားပေးတဲ့ အားကစားသမားတစ်ဦးဖြစ်သလို မြန်မာနိုင်ငံအတွက် လူမှုအကျိုးပြု လုပ်ငန်းအချို့ကိုလည်းဆောင်ရွက်နေသူဖြစ်ပါတယ်။

 

အာရှအားကစားပြိုင်ပွဲဝင်မယ့်အသင်းမှာ အဓိက ကစားသမား (၃)ဦးဒဏ်ရာရရှိနေ 

Photo: Aung La Nsang

 

မြန်မာနိုင်ငံဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်လာဖို့အတွက် သံတမန်တွေ ခန့်အပ်ဖို့စီစဉ်နေတဲ့စာရင်းမှာ အောင်လရဲ့အမည်ပါဝင်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ဝန်ကြီးဌာန နဲ့ ကစားသမားတို့ အသေးစိတ်ညှိုနှိုင်းမှုတွေလုပ်နေပြီး သြဂုတ်လအတွင်းမှာ တရားဝင်သတင်းထုတ်ပြန်ဖို့ရှိနေပါတယ်။

Photo: Aung La Nsang

 

အောင်လအန်ဆန်ကို သံတမန်ခန့်အပ်ဖို့ ညှိုနှိုင်းနေတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး “ကိုအောင်လကို ခရီးသွားသံတမန်အနေနဲ့ခန့်ဖို့အတွက် ဝန်ကြီးဌာနနဲ့ညှိုနေတယ်လို့ကျွန်တော်တို့သိရပါတယ်။ အတည်ပြုလို့ တော့မရသေးပါဘူး။ မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်ဖို့ ဆောင်ရွက်နေတဲ့ စီမံကိန်းရဲ့အစိတ်အပိုင်းတစ်ရပ်အနေနဲ့ပါ။”လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ကိုဖြိုးဇော်ဝေက ပြောပါတယ်။

 

အောင်လအန်ဆန်ဟာ အမေရိကန်နိုင်ငံသားခံယူထားတဲ့ ကချင်လူမျိုးတစ်ဦးဖြစ်ပြီး MMA ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နေသူပါ။ လက်ရှိအချိန်မှာ အောင်လအန်ဆန်ဟာ One Middleweight World Champion နဲ့ ONE Light Heavyweight World Champion ရွှေခါးပတ်နှစ်ခုချန်ပီယံလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က