ဆီမီးဖိုင်နယ်တုန်းကလိုပဲ ဒုတိယပိုင်းကျမှ ပေးလိုက်ရတဲ့ တစ်ဂိုးတည်းနဲ့ ကပ်ရှုံးခဲ့ရပြန်ပါတယ်။

ဒုတိယပိုင်း သွင်းဂိုးတစ်ဂိုးတည်းနဲ့ ဆီမီးဖိုင်နယ်တုန်းကလိုပဲ ကပ်ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး တိုက်စစ်က ဂိုးသွင်းမသေချာတာကိုတော့ ပြန်လည် ပြင် ဆင်ဖို့လိုနေပါပြီ။


 

အာဆီယံ ယူ-၁၆ ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေတာ ဒီနေ့မှာဆိုရင်တော့ တတိယနေရာလုပွဲကို ယှဉ်ပြိုင်ကစားခဲ့ပြီး ပါပြီ။

ဒီအချိန်မှာတော့ မလေးရှားအသင်းက ဒုတိယပိုင်း သွင်းဂိုးတစ်ဂိုးတည်းနဲ့ မြန်မာအသင်းကို အနိုင်ရရှိကာ တတိယနေရာကို ဆွတ်ခူးသွားနိုင်ခဲ့ပါ ပြီ။

 

မြန်မာအသင်းအနေနဲ့ တတိယဆုအတွက် အကောင်းဆုံးလူစာရင်းနဲ့ ပွဲထွက်ခဲ့ပေမယ့်လည်း ဦးဆောင်ဂိုးပေးလိုက်ရတဲ့ အချိန်က မိနစ် ၇၀ ကျော်နေခဲ့တာကြောင့် အချိန်အရမ်းနောက်ကျခဲ့ရပါတယ်။

အာဆီယံ ယူ-၁၆ ပြိုင်ပွဲက ပွဲချိန် မိနစ် ၈၀သာ ကစားရတာ ဖြစ်ပြီး ပထမပိုင်း မိနစ် ၄၀ နဲ့ ဒုတိယပိုင်း မိနစ် ၄၀ သာ သတ်မှတ်ကစားစေ တာလည်း ဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ အုပ်စုတွင်းတုန်းက အိမ်ရှင် အင်ဒိုနီးရှားအသင်းနဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး အဖွင့်ပွဲမှာ တီမောကို ၃-၂ ဂိုးနဲ့ လည်း ကောင်း၊ဒုတိယပွဲမှာ အိမ်ရှင်ကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် တတိယပွဲမှာတော့ ဖိလစ်ပိုင် ၇ ဂိုးပြတ်သွင်းပြီး ယုံကြည်မှု ပြန်လည်တည်ဆောက်ခဲ့ပါ တယ်။အဲ့နောက် ကမ္ဘောဒီးယားအသင်းကို အနိုင်ထပ် ကစားခဲ့သလို ဆီမီးဖိုင်နယ်တက်ဖို့ အဓိက ပြိုင်ဖက် ဗီယက်နမ်ကိုလည်း သရေကစားပြီး နောက်ကောက်ချနိုင်ခဲ့ပြန်ပါတယ်။

ဆီမီးဖိုင်နယ်အရောက်မှာတော့ ထိုင်းနဲ့ တွေ့ခဲ့ပြီး ပထမပိုင်းမှာ ဂိုးမရှိသရေကစားထားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း အစောမိနစ်မှာ ပေးလိုက်ရတဲ့ တစ်လုံးတည်းနဲ့ ကပ်အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီကနေ့ ကစားမယ့် တတိယနေရာလုပွဲမှာ တွေ့ဆုံနေတဲ့မလေးရှားအသင်းကလည်း ထိုင်းတစ်သင်းတည်းကိုသာ ရှုံးနိမ့်ခဲ့ပြီး ကျန် ၃ ပွဲစလုံးကို အနိုင်ရကာ ဆီမီးဖိုင်နယ်ကို တက်လှမ်းခဲ့တဲ့ အသင်းဖြစ်ပါတယ်။

အခု တတိယနေရာလုပွဲမှာလည်း ခြေရည်ကွာဟခြင်းမရှိပဲ ဘတစ်ပြန်ကျားတစ်ပြန်ကစားခဲ့ပြီး မြန်မာအသင်းက ဂိုးသွင်းခွင့်တွေ မသေချာလို့ သာ အခုလို ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

ဗိုလ်လုပွဲကတော့အိမ်ရှင် အင်ဒိုနီးရှားနဲ့ ထိုင်းအသင်းတို့ ဒီကနေ့ ညနေ ၆ နာရီအချိန်မှာ ဆက်လက်ကစားကြမှာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ယနေ့ ညနေ ၆ နာရီခွဲအချိန်မှာတော့ မြန်မာ ယူ-၂၃ အသင်းနဲ့ ထိုင်းကလပ် Police Tero အသင်းတို့ ထိုင်းနိုင်ငံမှာ ခြေစမ်းပွဲ ကစားဖို့ ရှိပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က