မြန်မာအသင်းက အာရှပွဲတော်မှာ ရွှေနှစ်ဆုအထိ ရယူထားနိုင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။

၁၉၆၆ နဲ့ ၁၉၇၀ ပြည့်နှစ်တွေမှာ ရွှေတံဆိပ် နှစ်ကြိမ်ဆက် ရယူထားဖူးတဲ့ အစဉ်အလာကောင်းက မြန်မာအသင်းကို ဒီကနေ့ ပွဲမှာ ဘယ်လောက် ထိတွန်းအားဖြစ်စေမှာလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။



 

မြန်မာအသင်းနဲ့ မြောက်ကိုရီးယားအသင်းတို့ကတော့ ဒီကနေ့ မြန်မာစံတော်ချိန် ည ၆ နာရီခွဲအချိန်မှာ အာရှအားကစားပွဲတော် အုပ်စု အဖွင့်ပွဲ စဉ်အဖြစ် ယှဉ်ပြိုင်ကစားပါတော့မယ်။

အာရှအားကစားပွဲတော်မှာ လေ့ကျင့်ရေးကွင်းအခက်အခဲနဲ့ မြန်မာအသင်း ကြုံတွေ့နေ 

မြန်မာအသင်းက ဒီပြိုင်ပွဲကို နှစ်ပေါင်း ၂၀ အကြာမှ တစ်ကျော့ ပြန်လည်ယှဉ်ပြိုင်ကစားတာ ဖြစ်ပြီး မြောက်ကိုရီးယားကတော့ ပြီးခဲ့တဲ့ ဆိုးလ် အာရှအားကစားပွဲတော်တုန်းက ဗိုလ်လုပွဲထိ တက်ရောက်ဖူးပါတယ်။

 

မြန်မာအသင်းအနေနဲ့ အာရှပွဲကို ပါဝင်ဖို့ ဖိတ်ကြားခြင်းခံခဲ့ရတာ ဖြစ်ပြီး အုပ်စုတွင်းမှာတော့ မြောက်ကိုရီးယား၊အီရန်၊ဆော်ဒီအသင်းတွေနဲ့ တစ် အုပ်စုတည်းကျရောက်နေတာပါ။

အသင်းသုံးသင်းစလုံးက လက်ရှိမှာ မြန်မာအသင်းအတွက် အင်အားကြီး အသင်းတွေ ဖြစ်နေပေမယ့်လည်း ဒီကနေ့မှာ ကစားရမယ့် မြောက်ကို ရီးယားအသင်းထက်တော့ မြန်မာအသင်းက အစဉ်အလာ အားသာမှု ရှိနေပါတယ်။

 

အဲ့ဒါကတော့ မြန်မာအသင်းဟာ လွန်ခဲ့တဲ့ ၁၉၆၆ နဲ့ ၁၉၇၀ ခုနှစ်တွေမှာ အာရှအားကစားပြိုင်ပွဲမှာ ချန်ပီယံ နှစ်ကြိမ်ဆက်ဖြစ်ထားခဲ့ဖူးတာ ဖြစ် ပြီး မြောက်ကိုရီးယားအသင်းကတော့ ၁၉၇၈ ခုနှစ်မှာ တစ်ကြိမ်သာ ဖြစ်ဖူးထားပါတယ်။

ဒါကြောင့် ပြိုင်ပွဲမှာ မြန်မာ အသင်းက မြောက်ကိုရီးယားအသင်းထက် အောင်မြင်မှု အစဉ်အလာ ပိုမို မြင့်မားနေတာ ဖြစ်ပြီး လက်ရှိအချိန်မှာ တော့ ဘောလုံးအရွေ့ကြောင့် မြောက်ကိုရီးယားက မြန်မာထက် ခြေစွမ်းသာလွန်နေခဲ့တယ်လို့ ဆိုရပါမယ်။

မြန်မာအသင်း မပြိုင်ဖြစ်တော့တဲ့ နှစ်ပေါင်း (၂၀)အတွင်းမှာ မြောက်ကိုရီးယားအသင်းက ၂၀၀၂ ကနေ ၂၀၁၀ အထိ ကွာတားဖိုင်နယ်ကို ဆက် တိုက်တက်ရောက်ထားနိုင်ပြီး ပြီးခဲ့တဲ့ ၂၀၁၄ မှာဆိုရင်တော့ ဗိုလ်လုပွဲအထိ တက်လှမ်းထားနိုင်ခဲ့ပါတယ်။

မြန်မာအသင်းကတော့ အာဆီယံဒေသတွင်းမှာ အောင်မြင်မှု ရရှိဖို့ မနည်းကြိုးပမ်းနေတဲ့ အချိန်ကာလဖြစ်နေပြီး အခု ဒီ အာရှအားကစားပြိုင်ပွဲ ကိုလည်း အာဆီယံ ဆူဇူကီးပြိုင်ပွဲအတွက် အတွေ့အကြုံကောင်းရဖို့ ရည်သန်ပြီး စေလွှတ်ထားတာလို့လည်းသိရပါတယ်။

ဒါကြောင့် လက်ရှိအခြေအနေအရ အတွေ့အကြုံကောင်းတစ်ခုကိုသာ အဓိက မျှော်လင့်ရမယ့် ပြိုင်ပွဲ ဖြစ်လင့်ကစား အစဉ်အလာမှာ အသာရ ထားတဲ့ မြန်မာက မြောက်ကိုရီးယားအသင်းကို ဘယ်လောက်ထိ ကစားပြသွားမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

မြန်မာအသင်းကတော့ အာရှပွဲအတွက် ရည်ရွယ်ပြီး ပြည်တွင်းမှာ လေးနိုင်ငံ ဖိတ်ခေါ်ပွဲနဲ့ ထိုင်းမှာ ထိုင်းလိဂ်(၁)ကလပ် Police Tero အသင်းနဲ့ ခြေစမ်းကစားထားခဲ့ပါတယ်။

လူငယ်တွေကို အများစု ခေါ်ဆောင်သွားခဲ့ပြီး အတွေ့အကြုံပေးမယ့် မြန်မာနည်းပြ အန်တွန်နီဟေးရဲ့ အဓိက ပစ်မှတ်က ဆူဇူကီးပြိုင်ပွဲဖြစ် လို့ အတွေ့အကြုံကို ဦးစားပေးသွားရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲမှာ ယူ-၂၀ ကမ္ဘာ့ဖလားတုန်းက အမေရိကန်ကို ဦးဆောင်ခဲ့သလို အံ့အားသင့်စရာတွေ လုပ်ပြဦးမှာလားဆိုတာကတော့ ဒီညနေမှာ စိတ်ဝင်တစားစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က