မြောက်ကိုရီးယားအသင်းက ၂၀၁၄ တုန်းက ဗိုလ်လုပွဲထိ တက်ရောက်နိုင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။

မြောက်ကိုရီးယားက ၂၀၁၄ ပြိုင်ပွဲတုန်းက ဗိုလ်လုပွဲထိ တက်ရောက်ထားတဲ့ အသင်းဖြစ်သော်လည်း မြန်မာအသင်းကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီး မြန်မာအသင်းကတော့ အစဉ်အလာရှိတဲ့ ပြိုုင်ပွဲရဲ့ တစ်ကျော့အပြန်မှာ အဖွင့်လှခဲ့ပါတယ်။



39173205_1178396228965854_1818474163690536960_n.jpg

Photo - MFF

 

မြန်မာအသင်းကတော့ အာရှအားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေပြီး ဒီကနေ့မှာတော့ အဖွင့်ပွဲအဖြစ် မြောက်ကိုရီးယားအသင်းနဲ့ စတင် ကစားခဲ့ရာမှာတော့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

အာရှအားကစားပွဲတော်မှာ လေ့ကျင့်ရေးကွင်းအခက်အခဲနဲ့ မြန်မာအသင်း ကြုံတွေ့နေ 

မြန်မာအသင်းအနေနဲ့ ယနေ့ပွဲမှာ ဂိုးသမားကျော်ဇင်ထက်၊နောက်တန်းမှာတော့ အသင်းခေါင်းဆောင် ဇော်မင်းထွန်း၊ထိုက်ထိုက်အောင်၊နန္ဒ ကျော်၊တို့နဲ့အတူ လူငယ်ကစားသမား ဝင်းမိုးကျော်ကို တွဲဖက်ပေးခဲ့ပါတယ်။

Photo - MFF

 

ကွင်းလယ်မှာတော့ လှိုင်းဘိုဘို၊ရန်နိုင်ဦး၊လွင်မိုးအောင်၊မောင်မောင်လွင်၊မောင်မောင်စိုးတို့ကို တွဲဖက်စေခဲ့ပြီးအောင်သူကို အထောင်တိုက်စစ်မှာ တစ်ဦးတည်းလှုပ်ရှားစေခဲ့တာကိုတွေ့ရပါတယ်။

မြောက်ကိုရီးယားက အသင်းကြီးပီပီ မြန်မာအသင်းကို ဖိအားပေးကစားခဲ့ပေမယ့်လည်း ခံစစ်ကျစ်လျစ်တဲ့ မြန်မာအသင်းက အကောင်းဆုံး တုံ့ ပြန်နိုင်ခဲ့ပြီး ကွင်းလယ်မှာတင် ဖျက်နိုင်ခဲ့ပါတယ်။

Photo - MFF

 

ဒီပွဲမှာ မြန်မာအသင်းက အဖွင့် ဦးဆောင်ဂိုးကို အရင်ရခဲ့ပြီး အောင်သူ၊ မောင်မောင်လွင်အတွဲကနေ မောင်မောင်လွင်က ဂိုးသမား ရဲ့ ညာဖက် ထောင့်ထဲ လှလှပပကန်သွင်းရယူပေးခဲ့ပါတယ်။

ပထမပိုင်းမှာမြန်မာက ၁-၀ ဂိုးနဲ့ ဦးဆောင်နေပြီး ဒုတိယပိုင်းမှာတော့ ၂၀၁၄ ခုနှစ် အာရှအားကစားပြိုင်ပွဲတုန်းက ဗိုလ်လုပွဲထိ တက်ခဲ့တဲ့ မြောက်ကိုရီးယားအသင်း တိုက်စစ်မြှင့်ခဲ့ပါတယ်။

အဲ့နောက် မြန်မာအသင်းဖက်ကို တော်တော်များများ ဖိအားပေးခဲ့ပေမယ့်လည်း မြန်မာ ကစားသမားတွေ ကြံ့ကြံ့ခံ ကစားရင်း တစ်ချက်တစ်ချက် တန်ပြန်တိုက်စစ်ကလည်း မြောက်ကိုရီးယားနောက်တန်းနဲ့ ဂိုးသမားကို အလုပ်ရှုပ်စေခဲ့ပါတယ်။

ဒါပေမယ့်လည်း မြောက်ကိုရီးယားအသင်း ချေပဂိုးပြန်ရသွားခဲ့ပြီး ဂိုးဘားတန်းထိ ပြန်ထွက်လာတဲ့ဘောလုံးကို ပိတ်သွင်းရယူသွားတာ ဖြစ်ပါတယ်။

ကျန်လက်ကျန်ချိန်တွေမှာလည်း မြောက်ကိုရီးယား တိုက်စစ်တွေကို မြန်မာအသင်း ခုခံခဲ့ရပြီး ဒီပွဲမှာ အဓိက အသိအမှတ်ပြုရမှာကတော့ ဂိုးသ မားကျော်ဇင်ထက်ပဲ ဖြစ်ပါတယ်။

ကျော်ဇင်ထက်အနေနဲ့ အပိုင်သွင်းဂိုးတော်တော်များများကို ကာကွယ်ပေးနိုင်ခဲ့လို့သာ မြန်မာအသင်း အခုလို သရေတစ်မှတ် ရရှိခဲ့တာ ဖြစ်သလို မြောက်ကိုရီးယားအသင်းလည်း နစ်နာခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာအသင်းကတော့ အာရှအားကစားပြိုင်ပွဲမှာ အစဉ်အလာကြီးမားတာနဲ့အညီ နှစ်ပေါင်း ၂၀ အကြာမှ ပြန်လည် ကစားတဲ့ အခုတစ်ကြိမ်မှာ လည်း အများပြည်သူမထင်မှတ်ထားတဲ့ ရလဒ်ကောင်းကို စတင်စွမ်းဆောင်ပြခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာအသင်းကတော့ အုပ်စု ဒုတိယပွဲအဖြစ် လာမယ့် ဆော်ဒီအသင်းနဲ့ ၁၇ ရက်နေ့ မြန်မာစံတော်ချိန် ၄ နာရီခွဲမှာ ဆက်လက်ကစားပါမယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က