လာမယ့်နှစ်မှာတော့ အမျိုးသမီးလိဂ်ကို ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်စေဖို့ စီစဉ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မြဝတီအသင်းက လိဂ်နောက်ဆုံးပွဲမှာသစ္စာအားမာန်အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိပြီး ရမှတ် ၄၀ ရရှိကာ ချန်ပီယံဆုကို နှစ်ကြိမ်မြောက် ဆွတ် ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo - MFF

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူး ကျင်းပနေတဲ့ မြန်မာအမျိုးသမီးလိဂ် ၂၀၁၈ ပြိုင်ပွဲကတော့ ပြီးဆုံးခဲ့ပြီ ဖြစ်ပြီး မြဝတီ အမျိုးသမီး အသင်းက နှစ်နှစ်ဆက်တိုက် ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

မြဝတီအသင်းအနေနဲ့ မနှစ်က အမျိုးသမီးလိဂ် စတင်ချိန်မှစပြီး ယခု ဒုတိယနှစ်မှာလည်း ဗိုလ်စွဲခဲ့တာကြောင့် မြန်မာအမျိုးသမီးလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ်လည်း ရပ်တည်နေပါတယ်။

Photo - MFF

 

ယနေ့မှာတော့နောက်ဆုံးဗိုလ်လုပွဲလို့တောင် ပြောရမယ့်  မြဝတီနဲ့ သစ္စာအားမာန်တို့ရဲ့ လိဂ်နောက်ဆုံးပွဲစဉ်ကို ရန်ကုန်မြို့ အောင်ဆန်းကွင်းမှာ ကျင်းပခဲ့ပြီး နှစ်သင်းစလုံးက ရမှတ်တူနေလို့ ဒီကနေ့ ပွဲက ဗိုလ်လုပွဲသဖွယ် ကြည့်ကောင်းခဲ့ပါတယ်။

ရမှတ် ၃၇ မှတ်တူညီနေချိန်မှာ မြဝတီအသင်းကသွင်းဂိုး ၇၇ ဂိုးသွင်းထားပြီ သစ္စာအားမာန်ကတော့ သွင်းဂိုး ၆၆ ဂိုးသာသွင်းထားလို့ သရေကျခဲ့ မယ်ဆိုရင်တော့ မြဝတီအသင်းက ဗိုလ်စွဲမှာ ဖြစ်ပါတယ်။

Photo - MFF

 

ဒါပေမယ့်လည်း မြဝတီအသင်းကတော့ သစ္စာအားမာန်အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ယူပြီး ပြတ်သားတဲ့ ရလဒ် ဖြစ်တဲ့ ရမှတ် ၄၀ ရယူကာ နှစ်ထပ် ကွမ်း ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

ယခုနှစ် ပြိုင်ပွဲမှာ တတိယနေရာ ရပ်တည်နိုင်ခဲ့တဲ့ Sport&Education FC အသင်းကတော့ တစ်ဦးချင်းဆုတံဆိပ်နဲ့ ဆုကြေးငွေကျပ် သိန်း ၅၀ ကိုလည်းကောင်း၊ ဒုတိယဆုရရှိခဲ့တဲ့ သစ္စာအားမာန်အသင်းအတွက် တစ်ဦးခြင်း ငွေတံဆိပ်ဆုများနဲ့ ဆုကြေးငွေကျပ် သိန်း ၁၀၀ ကိုလည်း ကောင်း၊ပထမဆု ဆုဖလားဆွတ်ခူးခဲ့တဲ့ မြဝတီအသင်းကိုတော့ တစ်ဦးချင်းဆုများနဲ့အတူ ဆုကြေးငွေကျပ် သိန်း ၁၅၀ ကိုပေးအပ်ခဲ့တဲ့ အပြင် ချန်ပီယံ ဆုဖလားကြီးကိုပါ ပေးအပ်ခဲ့ပါတယ်။

မြန်မာ အမျိုးသမီးလိဂ်ကိုတော့ အသင်း ၈ သင်းနဲ့ ယှဉ်ပြိုင်ကစားနေစေပြီး လာမယ့်နှစ်မှာတော့ ပြိုင်ပွဲကျင်းပပုံ၊ကစားသမားဖွဲ့စည်းပုံတွေနဲ့ အတူ ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်စေမယ့် အမျိုးသမီးလိဂ်နဲ့အတူ ထပ်မံ ယှဉ်ပြိုင်ကြဦးမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က