တောင်အမေရိကနဲ့ အာဖရိကတိုက်တို့မှ အသင်းတွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဖီဖာပြက္ခဒိန်အောက်က ကစားရမယ့် နိုင်ငံတကာ ခြေစမ်းပွဲစဉ်အတွက် နိုင်ငံပေါင်း ၁၀၀ ကျော်အထိ ချိတ်ဆက်ခဲ့ပေ မယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေခဲ့တာကြောင့် စက်တင်ဘာလအတွင်းမှာ မြန်မာအသင်းရဲ့ ခြေစမ်းပွဲကို မြင်တွေ့ရတော့မှာ မဟုတ်ပါ ဘူး။

Photo - MFF

 

အာဆီယံ ဆူဇူကီး အကြို ပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင်အသင်းကို ယခု စက်တင်ဘာလမှ စတင်ပြီး ပြင်ဆင်သွားနိုင်ရေးအတွက် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြိုးပမ်းခဲ့ပါတယ်။

၁၉၉၂ နောက်ပိုင်း အာရှအားကစားပွဲတော်မှာ ဆုတံဆိပ်အနည်းဆုံးဖြစ်ခဲ့ 

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင် ကျင်းပခဲ့တဲ့ အာရှအားကစားပွဲတော်မှာ မြန်မာ ယူ-၂၃ အသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒီအသင်းကိုပဲ အခြေခံ ကာ မြန်မာ့လက်ရွေးစင်အသင်းကို ဆက်လက်ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။

Photo - MFF

 

လက်ရှိမှာတော့ မိခင် ကလပ်အသင်းကိုယ်စီကို ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ်အပြီး စက်တင်ဘာလအတွင်းမှာ ခြေစမ်း ပွဲ အနည်းဆုံး တစ်ပွဲ ကစားနိုင်ဖို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

" ကျွန်တော်တို့အနေနဲ့ အစောကတည်းက အောက်တိုဘာမှာ ဖီဖာအသိအမှတ်ပြု ခြေစမ်းပွဲ ၂ပွဲကို ရရှိထားနှင့်ပြီး ဖြစ်ပါတယ်။ဒီ စက်တင်ဘာ လအတွက် ကစားဖို့အတွက်ကတော့ ချိတ်ဆက်ရတာ တော်တော်လေး ခက်ပါတယ်။ကျွန်တော့် သက်တမ်း တစ်လျှောက် ဒီတစ်ခေါက် စက်တင် ဘာလက အတော်လေးကို အခက်ခဲဆုံးလလို့ ပြောလို့တောင်ရပါတယ်။အခုဆိုရင် ကျွန်တော့်အနေနဲ့ အာရှတိုက်တင်မကပဲ ကမ္ဘာ့ နိုင်ငံပေါင်း ၁၀၀ ကျော်ကို ချိတ်ဆက်ဆောင်ရွက်ခဲ့ပေမယ့်လည်း ဒီလမှာတော့ ခြေစမ်းပွဲအတွက် အဆင်မပြေခဲ့ပါဘူး။" လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။

Photo - AFF

 

အဆိုပါ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်မှာ တောင်အမေရိက၊အာဖရိကတို့က ကမ္ဘာ့အဆင့်ရှိအသင်းပေါင်းများစွာလည်း ပါဝင်ခဲ့သလို ညှိုနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်နေစဉ် အကြောင်းကြောင်းကြောင့်သာ ခြေစမ်း မကစားဖြစ်တော့ခြင်း ဖြစ်တယ်လို့လည်းသိရပါတယ်။

" ညှိုနှိုင်းမှုတွေ တော်တော်လေးကို လုပ်ခဲ့ပြီးမှ အကြောင်းကြောင်းကြောင့် တစ်ဝက်တစ်ပျက်နဲ့ ပျက်ပြယ်ခဲ့တာတွေလည်း ရှိပါတယ်။ ဒါကြောင့် အခုတော့ စက်တင်ဘာလအတွက် နိုင်ငံတကာ ခြေစမ်းပွဲကတော့ အဆင်မပြေတော့ပါဘူး။အောက်တိုဘာလမှာရထားတဲ့ အင်ဒိုနီးရှား၊အာဖဂန် နစ္စတန်အသင်းတို့နဲ့ကတော့ မူလ သတ်မှတ်ရက်အတိုင်း ကစားဖို့ရှိနေပါတယ်။" လို့ ဦးကိုကိုသိန်းက ဆိုပါတယ်။

Photo - MFF

 

မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ စက်တင်ဘာလအတွင်းမှာ ခြေစမ်းပွဲ ကစားနိုင်ခြင်းမရှိတော့တာကြောင့် စက်တင်ဘာလအတွက် ကမ္ဘာ့ အဆင့်သတ်မှတ်ချက်ကတော့ အနည်းငယ် ကျဆင်းဖွယ်ရှိနေပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းကတော့ စက်တင်ဘာလအတွင်းမှာ ခြေစမ်းပွဲမရှိလို့ မြန်မာနေရှင်နယ်လိဂ် ပြီးဆုံးချိန်မှာ အောက်တိုဘာလ ၉ ရက်နေ့မှာ အဝေးကွင်းသွားကစားမယ့် အင်ဒိုနီးရှားနဲ့ ခြေစမ်းပွဲအတွက် လေ့ကျင့်ရက်ကို ကြိုတင်ခေါ်ယူမယ်လို့ သိရပြန်ပါတယ်။

အဲ့နောက်မှာတော့ အာဖဂန်နစ္စတန်အသင်းကို ရန်ကုန်မြို့မှာ လာမယ့် ၁၄နေ့တွင် ထပ်မံပြီး ခြေစမ်း ပြန်လာကစားမှာ ဖြစ်ပါတယ်။ ခြေစမ်းပွဲ တွေအပြီးမှာတော့ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ကာတာနိုင်ငံမှာ အချိန်တစ်ခုကြာ လေ့ကျင့်ရေး ခရီးစဉ်ထွက်မယ်လို့ သိရပြီး ခြေစမ်းပွဲ ၅ ပွဲလောက် ကစားပြီး ဆူဇူကီးအတွက် ပြင်ဆင်မှာ ဖြစ်ပါတယ်။

အာဆီယံ ဆူဇူကီးပြိုင်ပွဲကတော့ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ အာဆီယံ ဒေသတွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က