၄ ရက်ကြာနေထိုင်စဉ်အတွင်း အစီအစဉ်ပေါင်းများစွာကို ပရိသတ်တွေနဲ့အတူူတူ လုပ်ဆောင်သွားမှာပါ။

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၂၉ ကနေ ဒီဇင်ဘာလ ၃ ရက်နေ့အထိ နေထိုင်သွားမှာဖြစ်ပြီး အလှူအတန်းအစီအစဉ်များ ၊ဘောလုံးပြိုင်ပွဲများ အပါအဝင် ပရိသတ်တွေနဲ့အတူတူ ဘောလုံးပွဲအတူတူကြည့်မယ့် အစီအစဉ်တွေလည်း ပါဝင်ပါတယ်။



 

တီဗီဖန်သားပြင်ကနေ အမြဲတမ်း အားပေးခဲ့ဖူးတဲ့ ကမ္ဘာကျော် ဘောလုံးသမားတွေကို မျက်စိရှေ့မှာ မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရမယ့် အခွင့် အရေးတစ်ခုကို CHONG CHIN SIU YIP (MYANMAR) Company Limited xfinity Communications Group Limited တို့က စီစဉ်ထားပါ တယ်။

နိုင်ငံပေါင်း (၁၀၀)ကျော် ချိတ်ဆက်ခဲ့ပေမယ့်လည်း စက်တင်ဘာလအတွက် ခြေစမ်းပွဲ အဆင်မပြေ 

PRO FOOTBALLER TOURNAMENT IN MYANMAR 2018 ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာလ ၂၉ ကနေ ဒီဇင်ဘာလ ၃ ရက်နေ့အထိ စိတ်ဝင်စား အစီအစဉ်ပေါင်းများစွာနဲ့အတူ မြန်မာပြည်က ဘောလုံးချစ်ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Photo - 10z Soccer

မြန်မာနိုင်ငံက ဘောလုံးပရိသတ်တွေ အရူးအမူး အားပေးခဲ့ကြတဲ့ အင်္ဂလန် ပရီးမီးယားလိဂ်က မန်ယူနဲ့ အာဆင်နယ် ကစားသမားဟောင်းတွေ လာမှာ ဖြစ်ပြီး ကစားသမားဟောင်းဆိုပေမယ့် အခုလာမယ့် ကစားသမားဟောင်းတွေကတော့ မကြာသေးခင်ကာလတွေကမှ အနားယူသွားခဲ့ သူတွေ ဖြစ်လို့ မြန်မာပရိသတ်တွေ ရင်းရင်းနှီးနှီးကို သိပြီးသားသူတွေ ဖြစ်မှာပါ။

သူတို့ကတော့ မန်ယူအသင်းကဆိုရင် ဘူဂေးရီးယား လက်ရွေးစင် ဘာဘာတော့ဗ်၊ပြင်သစ်လက်ရွေးစင် ဆာဟာ၊ဆီဗက်စတြာ၊တောင်အာဖရိက လက်ရွေးစင် ဖော်ကျွန်းနဲ့ အင်္ဂလန်လက်ရွေးစင် ဝက်စ်ဘရောင်းတို့ပဲ ဖြစ်ပါတယ်။

Photo - Wikipedia

အာဆင်နယ်ကစားသမားတွေအဖြစ် ပြင်သစ်လက်ရွေးစင်ကစားသမားတွေ ဖြစ်တဲ့ လောရင့်၊ပီရက်ဇ်၊နိုင်ဂျီးရီးယား လက်ရွေးစင် ကနူး၊အိုင်ဗရီ ကို့စ် လက်ရွေးစင် အီဘိုယေးနဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း နီဂယ် ဝင်တာဘန်တို့ ပါဝင်လာမယ်လို့ သိရပါတယ်။

ဒီကစားသမားတွေ အားလုံးတော့  မြန်မာနိုင်ငံကို လာမှာ မဟုတ်ပဲ အာဆင်နယ်က ၂ဦးနဲ့ မန်ယူက ၂ ဦးသာလာရောက်ဖြစ်မှာ ဖြစ်ပြီး ဘယ်ကစားသမားတွေ ကို လာစေချင်လဲဆိုတာကတော့ ပရိသတ်ကြီး မြင်တွေ့ချင်တဲ့ ကစားသမားတွေက ဘယ်သူတွေလဲဆိုတာ ပြောပြကြတာပေါ့။

ဒီကစားသမားတွေ မြန်မာနိုင်ငံကို ရောက်လာပြီဆိုရင်တော့ ရန်ကုန်မြို့အနှံ့ အထင်ကရနဲ့ တန်ခိုးကြီး ဘုရားတွေကို သွားရောက်လေ့လာကြမှာ ပါ။ ဒီတော့ ပရိသတ်တွေအနေနဲ့ သူတို့နဲ့ အနီးဆုံး ရှိနိုင်ဖို့၊ဓာတ်ပုံတွေ အတူတူ ရိုက်နိုင်ဖို့ အနီးကပ် သတင်းတွေကို DuwunSportsက စဉ်ဆက် မပြတ်တင်ဆက်ပေးသွားဦးမှာပါ။

ဒါတင်မကသေးပဲ အပျော်တမ်း ဖူဆယ် ဘောလုံးပွဲကိုလည်း ကျင်းပသွားမှာ ဖြစ်ပြီး အနိုင်ရတဲ့ အသင်းကတော့ သူတို့ အသင်းနဲ့ ကစားရမယ် ဆိုတော့ ဒီပြိုင်ပွဲကလည်း သမိုင်းဝင် ဘောလုံးပွဲ တစ်ပွဲ ဖြစ်လာမှာပါ။

အခြားသော စိတ်ဝင်စားဖွယ်အစီအစဉ်တွေ အဖြစ် ပရိသတ်တွေနဲ့အတူတူ ပရီးမီးယားလိဂ် ဘောလုံးတွေကို အတူတကွ အားပေးသွားဦးမယ်လို့ သိရပြီး အလှူအတန်းတွေကိုလည်း အတူတကွ လုပ်ဆောင်ကြမယ်လို့ ဆိုပါတယ်။

လူငယ်မျိုးဆက်သစ် ဘောလုံးသမားတွေကိုလည်း သူတို့ရဲ့ အံ့အခန်း ဘောလုံးစွမ်းရည်တွေကို တတ်မြောက်လေ့ကျင့်နိုင်ဖို့ လေ့ကျင့်ပေးသွား မှာ ဖြစ်ပြီး သူတို့နဲ့အတူ မြန်မာနိုင်ငံရဲ့ နိုင်ငံကျော် အနုပညာရှင်တွေနဲ့ နိုင်ငံကျော် ဘောလုံးသမားတွေကလည်း အတူတကွ ပါဝင်အားဖြည့်ပေး ကြဦးမှာမို့ သူတို့နဲ့အတူ အနီးကပ်ဆုံး အတူရှိနေနိုင်ဖို့ အခုကတည်းက စောင့်မျှော်နေနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က