ကျော်ကိုကိုဟာ ပတ္တရားယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ ဒူးအရွတ်ဒဏ်ရာ ရခဲ့တာဖြစ်ပြီး ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုဟာ ဒူးအရွတ်ဒဏ်ရာကြောင့် ကာလရှည်အနားယူနေခဲ့ရာကနေ ယခုအခါ ဒဏ်ရာပြန်သက်သာလာတဲ့အတွက် ဘောလုံးပြန်ကစားနိုင်တော့မှာပါ။ ကျော်ကိုကိုဟာ ဒူးဒဏ်ရာကြောင့် လေးလခန့်အနားယူခဲ့ရပြီး အပေါ့စားလေ့ကျင့်တစ်ချို့ပြန်လုပ်နေပါပြီ။



37167374_698142653871700_6343678567481606144_o.jpg

Photo: Chin Rai United

 

ထိုင်းလိဂ်မှာသွားကစားနေပြီး ဒူးအရွတ်ဒဏ်ရာရထားတဲ့ ကျော်ကိုကိုတစ်ယောက်ဘောလုံးကွင်းတွေဆီပြန် ရောက်ဖို့နီးစပ်နေပါပြီ။ ချင်းရိုင်ယူနိုက်တက်အသင်းတိုက်စစ်မှူး ကျော်ကိုကိုဟာ ထိုင်းလိဂ်မှာအံဝင်ဖို့အတွက် ကြိုးစားနေဆဲကာလမှာပဲ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ချင်းရိုင်အသင်းရဲ့သတင်းထုတ် ပြန်ချက်အရ ကျော်ကိုကို ကြံ့ခိုင်မှုအတွက် အပေါ့စားလေ့ကျင့်မှုတစ်ချို့စနေပြီလို့ သိရပါတယ်။

နိုင်ငံပေါင်း (၁၀၀)ကျော် ချိတ်ဆက်ခဲ့ပေမယ့်လည်း စက်တင်ဘာလအတွက် ခြေစမ်းပွဲ အဆင်မပြေ 

Photo: Chin Rai United

 

ကျော်ကိုကိုဟာ ဧပြီလက ကစားခဲ့တဲ့ ထိုင်းပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ပတ္တရားယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ ဒူးအရွတ်ဒဏ်ရာ ရခဲ့တာဖြစ်ပြီး ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။ မူလက ကျော်ကိုကိုရဲ့ဒဏ်ရာကို ခြောက်လကနေ ရှစ်လအထိအနားယူရမယ်လို့ခန့်မှန်းခဲ့ပေမယ့် ဒဏ်ရာအခြေအနေက လေးလအတွင်းမှာပဲ သက်သာလာခဲ့တာပါ။

 

ချင်းရိုင်ယူနိုက်တက်အသင်းနဲ့အတူအပေါ့စားလေ့ကျင့်မှုတွေလုပ်နေပြီဖြစ်တဲ့ ကျော်ကိုကိုတစ်ယောက် ၂၀၁၈ဆူဇူကီးပြိုင်ပွဲဝင်မယ့် မြန်မာအသင်းအတွက်လည်း ကစားနိုင်ဖွယ်ရှိနေပါတယ်။ ကျော်ကိုကိုဟာ ထိုင်းပရီးမီးယားလိဂ်ကလပ် ချင်းရိုင်ယူနိုက်တက်အသင်းကို ၂၀၁၈ဘောလုံးရာသီအစပိုင်းကတည်းကပြောင်းရွှေ့ကစားနေသူဖြစ်ပြီး တစ်လလုပ်ခလစာ ဒေါ်လာ ၈၀၀၀ ရရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က