အမျိုးသားအသင်းက စက်တင်ဘာ၈မှာ တာဂျစ်ကစ္စတန်နဲ့ ဆက်လက်ကစားရပါမယ်။

အမျိုးသမီး ယူ-၁၉ အသင်းကတော့ စင်ကာပူ ယူ-၁၉ အသင်းကို ခြေစမ်းပွဲမှာ ၇ ဂိုးပြတ်နိုင်ခဲ့တာ ဖြစ်ပြီး မြန်မာ ယူ-၂၁ (ခ)အသင်းကတော့ တရုတ်ဖိတ်ခေါ်ပြိုင်ပွဲမှာ ဥဇဘတ်ကစ္စတန်ကို ၂-ဝဂိုးနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

Photo - MFF

 

မြန်မာ့လက်ရွေးစင် သက်တမ်းလိုက် အသင်းအသီးသီးကတော့ အဓိက ပြိုင်ပွဲအတွက် ရည်ရွယ်ပြီး ပြင်ဆင်မှုတွေကို အကောင်းဆုံးလုပ်ဆောင် နေကြပါတယ်။

ဘောလုံးပြန်ကစားနိုင်တော့မယ့် ကျော်ကိုကို 

ဒီကနေ့မှာတော့ မြန်မာအမျိုးသမီး ယူ-၁၉ အသင်းက စင်ကာပူ ယူ -၁၉ အသင်းနဲ့ ခြေစမ်းပွဲကို ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကစားခဲ့ရာမှာတော့ ၇ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။

Photo - MFF

 

မြန်မာအသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန် ၇ မိနစ်တွင် မိုးမိုးသန်း၊ ပွဲချိန် ၁၆ မိနစ်တွင် နွယ်နီဝင်း၊ ပွဲချိန် ၆၈ မိနစ်တွင် သဇင်အောင်၊ ပွဲချိန် ၇၉၊ ၈၂ မိနစ်တွင် လှိုင်လှိုင်မြင့်နဲ့ ပွဲချိန် ၈၆၊ ၈၇ မိနစ်တွင် စန်းသော်သော်တို့က သွင်းယူပေးခဲ့ကြတာပါ။

မြန်မာ ယူ-၁၉ အသင်းကတော့ 2019 AFC U-19 Women's Championship Qualification အာရှခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

Photo - MFF

 

ဒီကနေ့မှာပဲ ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာ ယူ-၂၁ (ခ)အသင်းကတော့ ဥဇဘတ်ကစ္စတန် ယူ-၂၁ အသင်းကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ တရုတ်နိုင် ငံက အိမ်ရှင်အဖြစ် ဖိတ်ခေါ်ကျင်းပတဲ့ ဒီ လေးနိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ မြန်မာအသင်းရဲ့ ပြိုင်ဖက်တွေက မိမိထက် အင်အားကြီးအသင်း တွေသာ ဖြစ်ပါတယ်။

တရုတ်၊ဥဇဘတ်ကစ္စတ်နဲ့ တာဂျစ်ကစ္စတန်ုအသင်းတို့ ပါဝင်နေပြီး မြန်မာ ယူ-၂၁(ခ)အသင်းကိုတော့ လာမယ့် အာဆီယံ ဆီးဂိမ်း ပြိုင်ပွဲအတွက် ရည်ရွယ်ပြီးနည်းပြချုပ် ဦးကြည်လွင်နဲ့ ယှဉ်ပြိုင်နေစေခြင်းလည်း ဖြစ်ပါတယ်။

မြန်မာ ယူ-၂၁ အသင်းကတော့ လာမယ့် စက်တင်ဘာလ ၈ ရက်နေ့မှာတော့ နောက်ဆုံးပွဲအဖြစ် တာဂျစ်ကစ္စတန်အသင်းနဲ့ မြန်မာစံတော်ချိန် ၁ နာရီခွဲမှာ ဆက်လက်ကစားရဖို့ ရှိပါတယ်။

Share

Loading Next Article...
က္က