မြန်မာ-ဗီယက်နမ်ပွဲကိုတော့ ရန်ကုန်မြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

မူလက ခန့်မှန်း ကုန်ကျစရိတ် ငွေကျပ် သိန်း ၅၀၀ ခန့် ကုန်ကျမယ်လို့ ခန့်မှန်းထားပြီး ကျင်းပဖို့ ရှိမရှိ မသေချာပဲ ရှိနေခဲ့ပေမယ့်လည်း အခုချိန် မှာတော့ အဆိုပါ ကုန်ကျစရိတ်အားလုံးကို ကျခံပြီး အထက်မြန်မာပြည်က ပရိသတ်တွေအတွက် MFFက မန္တလေးမှာ ကျင်းပပေးသွားတော့မှာ ဖြစ်ပါတယ်။



 

အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို မြန်မာနိုင်ငံက ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပြီး အုပ်စုတွင်းပွဲစဉ်တွေထဲက ၂ ပွဲကိုတော့ အိမ်ကွင်းလက်ခံကျင်းပခွင့်ရ ခဲ့ပါတယ်။

မြန်မာအသင်းအနေနဲ့ ဆူဇူကီးပြိုင်ပွဲမှာ ဗီယက်နမ်၊မလေးရှား၊လာအို၊ကမ္ဘောဒီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး ကမ္ဘောဒီးယားနဲ့ မလေးရှားကို အိမ်ကွင်းလက်ခံကစားရမှာ ဖြစ်ပါတယ်။

 

မလေးရှားနဲ့ လာအိုအသင်းတို့ကိုတော့ အဝေးကွင်းလိုက်ပါ ကစားရမှာ ဖြစ်ပြီးဒီစနစ်ကိုတော့ ဆူဇူကီး ပြိုင်ပွဲက ဒီနှစ်မှ စတင်ပြီး ကျင်းပခဲ့တာ လည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ အဆိုပါ အိမ်ကွင်းလက်ခံကျင်းပခွင့်ရတဲ့ ၂ ပွဲမှာ တစ်ပွဲကို မန္တလေး၊တစ်ကွဲကို ရန်ကုန်မှာ ကျင်းပသွားမယ် လို့ အာဆီယံဘောလုံးအဖွဲ့ချုပ်ထံ တင်ပြခဲ့ပါတယ်။

 

အခုလို အိမ်ကွင်း ၂ကွင်းခွဲကျင်းပမယ်ဆိုရင် တစ်ကွင်းစာအတွက် စပွန်ဆာကုမ္ပဏီဖက်က ကုန်ကျမယ့် စရိတ်အကုန်လုံးကို မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်က ကုန်ကျခံပေးမယ်ဆိုရင် ကျင်းပခွင့်ပြုမယ်လို့ အာဆီယံဘောလုံးအဖွဲ့ချုပ်က ပြန်လည်အကြောင်းပြန်ခဲ့တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောခဲ့ပါတယ်။

"အိမ်ရှင်နိုင်ငံတွေအနေနဲ့ အုပ်စုပွဲစဉ်၂ ပွဲစလုံးကို အိမ်ကွင်းတစ်ကွင်းတည်းအသုံးပြုခွင့်ပေးထားပါတယ်။အဓိကကတော့ ကွင်းအတွင်းအသုံးပြု မယ့် ကြော်ငြာကုမ္ပဏီရဲ့ ကုန်ကျစရိတ်တွေကို ကွင်း ၂ကွင်းစာ အသုံးမပြုပေးတဲ့အတွက်ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့က ကွင်း ၂ကွင်းခွဲပြီး ကျင်းပချင်တယ်ဆိုရင် သူတို့ဖက်က ကျင်းပခွင့်တော့ ပြုတယ်၊ဒါပေမယ့် ကုန်ကျစရိတ်အကုန်လုံးကိုတော့ ကိုယ့်ဘာသာ ကျခံရမယ်ဆိုပြီး ပြန် လည်အကြောင်းပြန်ခဲ့ပါတယ်။" လို့ ဦးကိုကိုသိန်းက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ကုန်ကျစရိတ်အားလုံးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကျခံပြီး အထက်မြန်မာပြည်မှာရှိတဲ့ မြန်မာဘောလုံးချစ်ပရိ သတ်တွေ အားပေးနိုင်ရေးအတွက် မန္တလေးမြို့မှာ ဆူဇူကီး အုပ်စုပွဲစဉ်တစ်ပွဲ ကျင်းပတော့မယ်လို့ တရားဝင် ထုတ်ပြန်လိုက်ပြီပဲ ဖြစ်ပါတယ်။

မန္တလေးမှာတော့ မြန်မာ-ကမ္ဘောဒီးယားပွဲစဉ်ကို လာမယ့် နိုဝင်ဘာ ၁၂ ရက်နေ့ ညနေ ၆ နာရီမှာလည်းကောင်း၊နိုင်ဝင်ဘာ ၁၆ ရက်နေ့ မှာတော့ လာအိုနိုင်ငံမှာ လာအိုအသင်းနဲ့လည်းကောင်း၊နိုင်ဝင်ဘာ ၂၀ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ ရန်ကုန်မြို့ သုဝဏ္ဏကွင်းအတွင်း ဗီယက်နမ်အသင်းနဲ့လည်းကောင်း၊အုပ်စုနောက်ဆုံးပွဲအဖြစ် မလေးရှားအသင်းနဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ မလေးရှားနိုင်ငံမှာ လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားသွားတော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က