နည်းပြချုပ်ဦးမျိုးမင်းထွန်းလည်း အသက်အငယ်ဆုံးချန်ပီယံ နည်းပြ ဖြစ်လာခဲ့ပါတယ်။

၂၀၁၁၊၁၂၊၁၃နဲ့ ၁၅ ခုနှစ်တွေမှာ ချန်ပီယံ ၄ ကြိမ်ထိ ဖြစ်ခဲ့ဖူးပြီး အခုတစ်ကြိမ် ထပ်မံ ရရှိခဲ့လို့ ၁၀ နှစ်တာ ကာလမှာ ရန်ကုန်က ချန်ပီယံ၅ကြိမ်၊ရတနာပုံက ၄ ကြိမ်နဲ့ ရှမ်းက ၁ ကြိမ်တို့ ဆွတ်ခူးထားခဲ့တာ ဖြစ်ပါတယ်။



Photo - MNL

 

ရန်ကုန်အသင်းကတော့ အမှတ်ပေးပွဲ နောက်ဆုံးပွဲစဉ်မှာ ဆောက်သမ်းမြန်မာအသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ကစားပြီး ၂၀၁၈ မြန်မာနေရှင်နယ် လိဂ် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

လက်ကျန် တစ်ပွဲအလိုမှာ ဒုတိယနေရာက ရှမ်းယူနိုက်တက်နဲ့ တစ်မှတ်သာ ကွာဟနေတဲ့ အနေအထားမှာတော့ ရန်ကုန်အသင်း ဆောက်သမ်းနဲ့ ပွဲကို မဖြစ်မနေ အနိုင်ကစားဖို့ လိုခဲ့ပါတယ်။

Photo - MNL

 

ဒါကြောင့်လည်း ရန်ကုန်အသင်းအနေနဲ့ အဓိက ကစားသမားအစုံအလင်နဲ့ ပွဲထွက်ခဲ့ပြီး ၄ ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်မှာ လည်းချန်ပီယံပြိုင်ဖက် ရှမ်းယူနိုက်တက်အသင်းက အိမ်ကွင်းမှာ မြဝတီအသင်းကို ၂-၁ ဂိုးနဲ့ နိုင်ခဲ့တာကြောင့် ရန်ကုန်အသင်း အနိုင်ရခဲ့တာ အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။

ရန်ကုန်အသင်းကတော့ အခုလို ချန်ပီယံ ဖြစ်ခဲ့လို့ အသင်းသမိုင်းတစ်လျှောက် ၅ ကြိမ်မြောက် ချန်ပီယံဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပြီး လိဂ်သမိုင်းမှာလည်း လက်ရှိအချိန်မှာ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်ခဲ့ပြီ ဖြစ်ပါတယ်။

Photo - MNL

 

အခုလို ချန်ပီယံ ဖြစ်ခဲ့တဲ့အတွက် လာမယ့်နှစ်ဘောလုံးရာသီမှာတော့ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲကို ပထမအဆင့်ကနေ ဝင်ခွင့်ရမှာ ဖြစ်ပြီး ဘယ်လိုတွေ ပြင်ဆင်သွားမလဲဆိုတာ နည်းပြချုပ် ဦးမျိုးမင်းထွန်းက အခုလို ပြောပြခဲ့ပါတယ်။

" ကျွန်တော်တို့ လာမယ့်နှစ်မှာ ပြုပြင်ပြောင်းလဲချင်တာလေးတွေရှိပါတယ်။ဒါကို အသင်းဥက္ကဌကို တင်ပြပြီး ဆောင်ရွက်သွားပါမယ်။ ကစားသ မားအသစ်ခေါ်ယူမှုတွေလည်း ပြုလုပ်ဖို့ရှိပြီး သေချာရင် သတင်းထုတ်ပြန်ပေးပါမယ်။အခုလို ချန်ပီယံ ဖြစ်ခဲ့တဲ့အတွက် ကျွန်တော်ယုံကြည်ပြီး လူငယ်တွေကို ပွဲထုတ်ခဲ့တဲ့အပေါ်မှာ လိုက်ပါဆောင်ရွက်နိုင်ခဲ့တဲ့ ကျွန်တော့် ကစားသမားတွေကို ကျေးဇူးတင်ပါတယ်။" လို့ ပြောခဲ့ပါတယ်။

Photo - MNL

 

ဦးမျိုးမင်းထွန်းကတော့ နည်းပြဘ၀ ပထမဆုံး လိဂ်ဖလားကြီးကို ဆွတ်ခူးခဲ့တာ ဖြစ်သလို မြန်မာနေရှင်နယ်လိဂ် သမိုင်းမှာလည်း အသက် (၃၅) နှစ် (Wikipedia)နဲ့ဆုဖလားကို ဆွတ်ခူးခဲ့တာကြောင့်လည်း အသက်အငယ်ဆုံး ချန်ပီယံဖြစ်တဲ့ နည်းပြအဖြစ် လည်း မှတ်တမ်းဝင်သွားပြီ ဖြစ်ပါ တယ်။

Share

Loading Next Article...
က္က