ကစားမယ့်ကွင်းနဲ့အချိန်ကို မထုတ်ပြန်သေးပဲ ကွင်းဝင်ကြေးကိုတော့ အခမဲ့ သတ်မှတ်ပေးမယ်လို့ သိရပါတယ်။

လာမယ့် အောက်တိုဘာလ ၅ ရက်နေ့နဲ့ ၇ ရက်နေ့တွေမှာ ကစားသွားစေမှာ ဖြစ်ပြီး ကစားမယ့်ကွင်းနဲ့အချိန်ကိုတော့ ထပ်မံ ထုတ်ပြန်ပေးမယ် လို့သိရပါတယ်။



Photo - MFF

 

အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် 2019 AFC U-19 Women's Championship Qualification အတွက် မြန်မာ့လက်ရွေးစင် ယူ-၁၉ အမျိုးသမီးအသင်းကို အခုကတည်းက ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။

လက်ရှိမှာတော့ စင်ကာပူ ယူ-၁၉ အမျိုးသမီးအသင်းနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့က ခြေစမ်းပွဲမှာတော့ ၇-၀ ဂိုးနဲ့ အနိုင်ရရှိထားပါ တယ်။

Photo - MFF

 

လက်ရှိမှာတော့ နောက်ဆုံးအဆင့်အုပ်စုပွဲတွေကိုအိမ်ရှင်အဖြစ် လက်ခံကစားမယ့် ထိုင်း ယူ-၁၉ အမျိုးသမီးအသင်းနဲ့ ရန်ကုန်မြို့မှာ ခြေစမ်းပွဲ ၂ ပွဲကစားသွားမယ်လို့ သိရပါတယ်။

ရန်ကုန်အသင်းရဲ့ ပစ်မှတ်က အာရှချန်ပီယံလိဂ်လား? AFC CUP လား? 

အဆိုပါ ၂ ပွဲကိုတော့ အောက်တိုဘာလ ၅ ရက်နေ့နဲ့ ၇ ရက်နေ့တို့မှာ ကစားသွားမှာ ဖြစ်ပြီး အချိန်နဲ့ ကစားမယ့်ကွင်းကိုတော့ ခြေစမ်းပွဲနီးရင် အတိအကျထုတ်ပြန်ပေးမယ်လို့လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။

Photo - MFF

 

ထပ်မံပြီးတော့လဲ ဒီခြေစမ်းပွဲ ၂ ပွဲကိုတော့ ကွင်းဝင်ကြေး ကောက်ခံမှာ မဟုတ်ပဲ မြန်မာဘောလုံးချစ် ပရိသတ်တွေ အခမဲ့ လာရောက်အားပေး နိုင်အောင်လည်း စီစဉ်ထားတယ်လို့ သိရပါသေးတယ်။

မြန်မာအမျိုးသမီး ယူ-၁၉ အသင်းအနေနဲ့ ခြေစစ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပြီး အုပ်စုတွင်းမှာတော့ အီရန်၊ပါလက်စတိုင်း၊လာအို အသင်းတို့နဲ့အတူ ကျရောက်နေပါတယ်။

အုပ်စုဗိုလ်ရရှိတဲ့အသင်းကသာ ဒုတိယအဆင့်ကို ထပ်မံ တက်လှမ်းနိုင်မှာ ဖြစ်ပြီး အုပ်စု ဒုတိယရအသင်းကတော့ အကောင်းဆုံး အုပ်စု ဒုတိယရ အသင်းနေရာအတွက် မျှော်လင့်ခွင့်တော့ ရှိပါတယ်။

ခြေစစ်ပွဲတွေကိုတော့ အောက်တိုဘာလ ၂၄ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ရန်ကုန်မြို့မှာ လက်ခံကျင်းပသွားမှာ ဖြစ်ပြီး ဒုတိယအဆင့် ခြေစစ် ပွဲကိုတော့ လာမယ့် ၂၀၁၉ ခုနှစ်ဧပြီလကျမှ ဆက်လက်ကစားရမှာ ဖြစ်ပါတယ်။

အဆိုပါ ဒုတိယအဆင့်မှာတော့ ၄သင်းပါ အုပ်စု (၂)စုခွဲမှာ ဖြစ်ပြီး အုပ်စုတစ်စုစီမှ ထိပ်ဆုံး ၂ သင်းစီ နောက်ဆုံးအဆင့် အုပ်စုပွဲတွေကို တက်ရောက်ကစားခွင့်ရမှာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ထားတဲ့ အသင်းတွေအဖြစ် ထိုင်း၊ဂျပန်၊မြောက်ကိုရီးယားနဲ့ တရုတ်အသင်းတို့ရှိနေတာကြောင့် ခြေစစ်ပွဲအောင်လာမယ့် အသင်း ၄ သင်းနဲ့ပေါင်းကာ စုစုပေါင်း ၈ သင်း နှစ်အုပ်စု ထပ်မံခွဲပြီး ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကစားသွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က