ညတာရှည်လာသလို ကွင်းကလည်း မီးမောင်းမရှိလို့ အခုလို အချိန်စောပြီးကျင်းပရတယ်လို့ သိရပါတယ်။

တောင်ကြီးရဲ့ ရာသီဥတုက အအေးပိုလာပြီး ညတာရှည်လာသလို ကွင်းမှာလဲ မီးမောင်း မရှိလို့ အခုလို မူလ ၃ ခွဲအချိန်ကို ၃ နာရီအချိန်ပြောင်း ပြီး ကစားရတာလို့ မြန်မာနေရှင်နယ်လိဂ် ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

Photo - MNL

 

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ၂၀၁၈ ဆီမီးဖိုင်နယ် ဒု-ကျော့ ပွဲစဉ်တွေကို လာမယ့် စက်တင်ဘာလ ၂၆ နဲ့ ၂၇ ရက်နေ့တွေမှာ ဆက်တိုက် ကျင်းပသွားမှာ ဖြစ်ပြီး ရှမ်းနဲ့ဟံသာဝတီ၊မကွေးနဲ့ရန်ကုန်ယူနိုက်တက်အသင်းတို့ ကစားကြမှာ ဖြစ်ပါတယ်။

မြန်မာနဲ့ထိုင်း ခြေစမ်းပွဲ (၂)ပွဲကစားမယ် 

မကွေးနဲ့ ရန်ကုန်ပွဲကိုတော့ မူလသတ်မှတ်ထားတဲ့ အတိုင်း ရန်ကုန်မြို့သုဝဏ္ဏကွင်းအတွင်း စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီမှာ ကျင်း ပသွားမှာ ဖြစ်ပေမယ့်လည်း ရှမ်းနဲ့ ဟံသာဝတီပွဲကိုတော့ မူလသတ်မှတ်ချိန်ထက် စောပြီး ကျင်းပသွားတော့မှာ ဖြစ်တယ်လို့ မြန်မာနေရှင်နယ်လိဂ် ကော်မတီက အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

Photo - MNL

 

ရှမ်းအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ တောင်ကြီးကွင်းမှာ မူလက ၃ နာရီခွဲမှာ ကစားဖို့ စီစဉ်ထားပေမယ့်လည်း တောင်ကြီးမြို့ရဲ့ ရာသီဥတုမှာ အအေး ပိုလာပြီး ညတာရှည်လာလို့ ပုံမှန်ထက်စောပြီး မှောင်နေတယ်လို့ သိရပါတယ်။

ညနေဖက်ပွဲ ကျင်းပဖို့အတွက်ကလည်း တောင်ကြီးကွင်းမှာ မီးမောင်းများ တပ်ဆင်ထားခြင်း မရှိလို့ ညဖက်ပွဲကစားဖို့ လုံးဝမဖြစ်နိုင်တဲ့အနေ အထားမှာ အခုလို ပွဲအချိန်ကို စောလိုက်ရတာလို့လည်း သိရပါတယ်။

Photo - Shan Utd

 

ဆီမီးဖိုင်နယ် ဒု-ကျော့ ပွဲစဉ် ၂ ပွဲစလုံးကိုတော့ မြဝတီရုပ်မြင်သံကြားကနေ တိုက်ရိုက်ပြသမယ်လို့ သိရသလို General Aung San Shield Facebook Page ကနေလည်း တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားဖု့ိရှိပါသေးတယ်။

ပထမအကျော့ ပွဲစဉ်တွေအဖြစ် ကစားထားရာမှာတော့ ရှမ်းအသင်းနဲ့ ဟံသာဝတီအသင်းတို့ ပဲခူးကွင်းမှာ ဂိုးမရှိသရေကျထားပြီး ရန်ကုန်အသင်း ကတော့ မကွေးအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရထားပါတယ်။

လက်ရှိချန်ပီယံကတော့ ရှမ်းယူနိုက်တက်အသင်းဖြစ်ပြီး ၂၀၁၈ မြန်မာနေရှင်နယ်လိဂ်ရဲ့ ချန်ပီယံဖြစ်သွားတဲ့အသင်းကတော့ ရန်ကုန်ယူနိုက် တက်အသင်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က