ဂျပန်နိုင်ငံမှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံနဲ့ ပူးပေါင်းပြီး မဲခေါင်ဒေသတွင်းမှာ ဘောလုံးအဖွဲ့ချုပ်တစ်ခု ပေါ်ပေါက်လာပြီး ဒေသတွင်းနိုင်ငံတွေရဲ့ ဘောလုံးအဆင့်အတန်း ပိုမို မြင့်မားလာရေး ကြိုးပမ်းဆောင်ရွက်သွားမှာလို့ သိရပါတယ်။



Photo - MFF

 

မဲခေါင် ဒေသတွင်းနိုင်ငံတွေ ဘောလုံးဖွံ့ဖြိုးတိုးတက်လာရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတစ်ရပ်ကို ဒီကနေ့ မနက်ပိုင်းက ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌများ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဦးဇော်ဇော်အပါအဝင် မဲခေါင်ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ထိုင်း၊ဗီယက်နမ်၊လာအိုနဲ့ အိမ်ရှင် ဂျပန် နိုင်ငံက ဘောလုံးအဖွဲ့ချုပ် ဥက္ကဌတွေ၊ဒုဥက္ကဌတွေနဲ့ အထွေထွေအတွင်းရေးမှူးတွေ အားလုံး ဆွေးနွေးတိုင်ပင်ခဲ့ကြတာ ဖြစ်ပါတယ်။

Photo - MFF

 

ဒီလို ဆွေးနွေးမှုကိုတော့ Mekong -Japan Summit Ceremony မှာ ပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တကွ  ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက - "မဲခေါင်ဒေသနိုင်ငံတွေနဲ့ ဂျပန်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိဖို့က ဘောလုံးအားကစားနဲ့ ဆက်ဆံ ပူးပေါင်းခြင်းက ပိုမို အကျိုးရှိစေပါတယ်။အခုလို ယူ-၁၇ ဂျပန်-မဲခေါင်ပြိုင်ပွဲ ပြုလုပ်နိုင်ခဲ့ခြင်းအတွက်လည်း ဂုဏ်ယူပါတယ်။မဲခေါင် ဒေသတွင်းနိုင်ငံတွေရဲ့ ဘောလုံးအဆင့်အတန်းလည်း မြင့်မားလာဖို့ ဆန္ဒပြုပါတယ်။" လို့ ပြောကြားခဲ့ပါတယ်။

Photo - MFF

 

ဂျပန်နိုင်ငံနဲ့ မဲခေါင်ဒေသတွင်းနိုင်ငံတွေရဲ့ ဆွေးနွေးမှုမှာတော့ မဲခေါင်ဒေသ ဘောလုံးအဖွဲ့ချုပ် ဖွဲ့စည်းနိုင်ရေး ရည်ရွယ်ချက်ကတော့ လူငယ် ပြိုင်ပွဲတွေ ပိုမို ကျင်းပလာနိုင်ရေး၊အမျိုးသား၊အမျိုးသမီးနဲ့ သက်တမ်းလိုက်ပြိုင်ပွဲတွေ ပိုမို ကျင်းပနိုင်ရေး၊နည်းစနစ်နဲ့ ပညာရပ်ဆိုင်ရာသင်တန်း တွေပိုမိုဖွင့်လှစ်နိုင်ရေး၊လူငယ်ဘောလုံးပွဲတော်တွေ ပိုမိုကျင်းပနိုင်ရေး စတဲ့ ဦးတည်ချက်ပေါင်းများစွာ ပါဝင်နေတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က