လာမယ့် တစ်ပတ်၊နှစ်ပတ်အတွင်း ပိုကောင်းလာမယ်လို့ ဆိုပါတယ်။

အသက်ငယ်လွန်းပြီး အတွေ့အကြုံနုတဲ့ ကစားသမားအချို့ကို အတွေ့အကြုံပေးတာကြောင့် အခုလို ဂိုးပြတ်ရှုံးခဲ့ရတာလို့ နည်းပြ အန်တွန်နီ ဟေးက အဓိက ပြောခဲ့ပါတယ်။

Photo - MFF

 

မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို ၃ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် နည်းပြချုပ် အန်တွန်နီဟေးကတော့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ အခုလိုပဲ ပြောခဲ့ပါတယ်။

လက်ရွေးစင်အသင်းနဲ့ ရှုံးပွဲဆက်နေတဲ့ အန်တွန်နီဟေး 

"အနိုင်ရသွားတဲ့ အင်ဒိုနီးရှားအသင်းကို ဦးစွာ ချီးကျူးစကား ပြောလိုပါတယ်။ ပထမပိုင်းမှာ အခွင့်အရေးနှစ်ကြိမ်လောက်ရခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းကတော့ ပျင်းစရာကောင်းခဲ့ပါတယ်။ အသင်းမှာ လူငယ်တွေကိုနေရာပေးခဲ့ပြီး ဗဟိုနောက်ခံ လူတစ်ယောက် ဆို အသက် ၁၉ နှစ်ပဲရှိပါသေးတယ်။ ဂိုးသမားလေးဆိုရင်လည်း သူရဲ့ပထမဆုံး စီနီယာပွဲဦးထွက် ဖြစ်ပါတယ်။ ကျနော်တို့က သိပ်ငယ်ရွယ်တဲ့ အသင်းပါ။ ကစားသမားတွေကို အပြစ်မတင်လိုပါဘူး။"လို့ ပြောခဲ့ပါတယ်။

Photo - MFF

 

မြန်မာအသင်းကတော့ အခုပွဲက အောက်တိုဘာလအတွက် ကစားရမယ့် ဖီဖာ အသိအမှတ်ပြု နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် ကစားတာ ဖြစ်ပြီး အခုလို အရေးနိမ့်ခဲ့လို့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာတော့ အမှတ်ရရှိခဲ့ခြင်းမရှိပါဘူး။

ဆူဇူကီးအတွက် ပြင်ဆင်နေတဲ့ အသင်းဖြစ်တာကြောင့် လက်ကျန် အချိန်မှာ အသင်းကို ပြင်ဆင်သွားမှာ ဖြစ်ပြီး ပြောင်းလဲလာဖို့ရှိတယ်ဆိုတာ လည်း အန်တွန်နီဟေးက အသိပေးခဲ့ပါသေးတယ်။

Photo - MFF

 

"ဒီလိုပဲ အမြဲတမ်း သင်ယူနေရတာပါပဲ။ ဆူဇူကီးအတွက် ပြင်ဆင်ချိန် တစ်လရှိပါသေး တယ်။ နောက်တစ်ပတ်၊ နှစ်ပတ်လောက်ဆိုရင်တော့ ကျွန်တော်တို့ ပိုကောင်းလာမှာပါ။" လို့ ပြောခဲ့ပါတယ်။

မြန်မာအသင်းကတော့ လာမယ့် အောက်တိုဘာလ ၁၃ ရက်နေ့မှာ ဘိုလီးဗီးယားအသင်းနဲ့ မြန်မာနိုင်ငံမှာ ထပ်မံ ခြေစမ်းဖို့ ရှိနေပြီး ဒါပြီးရင် တော့ ကာတာနိုင်ငံကို လေ့ကျင့်ရေးခရီး သွားရောက်မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က