ဒဏ်ရာအခြေအနေကို စောင့်ကြည့်နေရပါတယ်။

မနက်ဖြန်မှာ ကစားသွားမယ့် မြန်မာ နဲ့ ဘိုလီဗီယားတို့ရဲ့ ခြေစမ်းပွဲမှာ မြန်မာအသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူး အောင်သူ ပါဝင်ဖို့ မသေချာဘူးလို့ သိရပါတယ်။ ပူးလစ်တယ်ရိုအသင်းအတွက် ကစားပေးခဲ့တဲ့ ထိုင်းလိဂ်ပွဲစဉ်မှာ လက်ကောက်ဝတ်ရိုးကျိုး ဒဏ်ရာရရှိခဲ့တဲ တိုက်စစ်မှူးအောင်သူဟာ အင်ဒိုနီးရှားနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာလည်း မြန်မာအသင်းအတွက် ပါဝင်ခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။



Photo : Police Tero

 

လက်ရှိမှာတော့ အောင်သူဟာ ရန်ကုန်ကို ပြန်လည်ရောက်ရှိနေခဲ့ပြီး ထိုင်းကနေ တိုက်ရိုက်လာခဲ့တာလို့ သိရပါတယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းရဲ့ Duwun Sports ကို ပြောပြချက်အရ အောင်သူရဲ့ ဒဏ်ရာအခြေအနေကို စောင့်ကြည့်နေပြီး ပြန်ကစားနိုင်မယ့်ရက်ကိုတော့ အတိအကျ မသိရသေးပါဘူး။

Photo : Fox Sports

နည်းပြအန်တွမ်နီဟေးရဲ့ လက်ထက်မှာ တိုက်စစ်ပိုင်းအတွက် အဓိကအားကိုးရတဲ့ အောင်သူ မပါဝင်နိုင်တာမို့ မြန်မာအသင်း တိုက်စစ်ပိုင်းက အနည်းငယ်အားလျော့မှုတွေရှိခဲ့ပါတယ်။ အင်ဒိုနီးရှားနဲ့ ပွဲမှာ တိုက်စစ်မှူးအဖြစ် ကောင်းဆက်နိုင်ကို အန်တွမ်နီဟေးက အသုံးပြုခဲ့ပြီး မောင်မောင်လွင်နဲ့ တွဲဖက်ကစားစေခဲ့တာ ဖြစ်ပါတယ်။

Photo : Police Tero

 

အောင်သူကတော့ ဒဏ်ရာရရှိနေပေမယ့် မြန်မာအသင်းနဲ့ လာရောက်ပူးပေါင်းမယ်လို့ ပြီးခဲ့တဲ့ ရက်တွေကတည်းက ဦးကိုကိုသိန်းက အတည်ပြုထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ အောင်သူဟာ ဒဏ်ရာကြောင့် မကစားနိုင်ပေမယ့်လည်း ရန်ကုန်ကို ပြန်လည်ရောက်ရှိနေပြီး မြန်မာအသင်းနဲ့ ပူးပေါင်းနေခဲ့တာ ဖြစ်ပါတယ်။

Photo : Fox Sports

 

မြန်မာ နဲ့ ဘိုလီဗီယားတို့ရဲ့ ပွဲစဉ်ကိုတော့ အောက်တိုဘာလ (၁၃)ရက်နေ့၊ စနေနေ့၊ ညနေ (၆)နာရီမှာ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။ မြန်မာအသင်းရဲ့ သမိုင်းတစ်လျှောက် တောင်အမေရိကအသင်းတစ်သင်းနဲ့ ပထမဆုံးအကြိမ် ရင်ဆိုင် ကစားရမယ့်ပွဲဖြစ်တာကြောင့်လည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုနှုန်းက မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က