လက်ကောက်ဝတ်ရိုးကျိုး ဒဏ်ရာရရှိနေတာပါ။

မြန်မာ့လက်ရွေးစင်အသင်းရဲ့ကွင်းလယ်ကစားသမား မောင်မောင်လွင်က မြန်မာအသင်းရဲ့ အဓိကအားထားရတဲ့ တိုက်စစ်မှူးအောင်သူ ပါဝင်ကစားပေးနိုင်ခြင်းမရှိတာဟာ တိုက်စစ်ကို အားနည်းစေတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ အောင်သူဟာ ပြီးခဲ့တဲ့ အင်ဒိုနီးရှားအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာလည်း မြန်မာအသင်းနဲ့အတူရှိနေခဲ့ပေမယ့် ကြံ့ခိုင်မှုမပြည့်ဝသေးတာကြောင့် ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

43788441_1215313695274107_1585129294873493504_o.jpg

Photos: MFF

 



မြန်မာ့လက်ရွေးစင်အသင်းဟာ မနက်ဖြန်ညနေ ၆ နာရီအချိန်မှာ တောင်အမေရိကအသင်းတစ်သင်းဖြစ်တဲ့ ဘိုလီးဗီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ယင်းပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မောင်မောင်လွင်က အင်ဒိုနီးရှားနဲ့ပွဲစဉ်က အခက်အခဲတွေ ရင်ဆိုင်ခဲ့ရတာနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

အောင်သူဟာ မနက်ဖြန်မှာ ယှဉ်ပြိုင်ကစားရမယ့် ဘိုလီးဗီးယားနဲ့ပွဲစဉ်ကိုလည်း လွဲချော်ဦးမှာဖြစ်တာကြောင့် တိုက်စစ်မှာ အောင်သူနဲ့ နားလည်မှုရှိရှိ တွဲဖက်ကစားတတ်တဲ့ မောင်မောင်လွင်အတွက် နေရာလွတ်ရရှိဖို့ အခက်တွေ့နေဦးမှာဖြစ်ပါတယ်။

Photos: AFF Suzuki Cup

 

ယနေ့နေ့လယ်က ကျင်းပပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မောင်မောင်လွင်က ဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်မှူး အောင်သူ ပါဝင်တဲ့ပွဲစဉ်တွေမှာ အသင်းအနေနဲ့ ယုံကြည်မှုရှိကြောင်းနဲ့ အောင်သူကို ပြိုင်ဘက်ကစားသမားတွေက အာရုံစိုက်နေချိန်မှာ ကျန်ကစားသမားတွေအတွက် နေရာလွတ်များစွာရရှိကြောင်း ပြောကြားခဲ့ပါတယ်။

"ကိုအောင်သူနဲ့ တွဲကစားရတဲ့အခါမှာ အသင်းအနေနဲ့ ယုံကြည်ရှိပါတယ်။ ပြီးခဲ့တဲ့ အင်ဒိုနီးရှားနဲ့ပွဲမှာ ကိုကောင်းဆက်နိုင်တို့နဲ့ တွဲကစားခဲ့တယ်။ ကိုကောင်းဆက်နိုင်တို့ကလည်း ခုမှ လက်ရွေးစင်အသင်းနဲ့ ပြန်ပူးပေါင်းတာပါ။ ကျွန်တော်တို့ ပြန်တွဲကစားတော့ နည်းနည်းလေး နားလည်မှုတွေလွဲတယ်"

"ကိုအောင်သူနဲ့တွဲကစားရတဲ့အချိန်မှာ သူ့ကို တစ်ဖက်ကစားသမားတွေ လိုက်ပြီးကပ်နေရတာများတော့ ကျွန်တော်တို့အတွက် နေရာလွတ်တွေ ပိုရတယ်။ အဲဒီတော့ ကျွန်တော်တို့အတွက် ခြေစွမ်းပြနိုင်မယ့်အခွင့်အရေးတွေ ပိုရတာပေ့ါ"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က