ကမ္ဘာ့အဆင့် ရပ်တည်မှု မြင့်မားဖို့အရေးကြီးပြီး၊ခြေစမ်းပွဲတွေမှာ အနိုင်ရဖို့လိုတယ်လို့ အန်တွန်နီဟေးက ဝန်ခံခဲ့ပါတယ်။

ခြေစမ်းပွဲတွေမှာ ရှုံးနိမ့်ခဲ့ရင် ဖီဖာအဆင့် သတ်မှတ်ချက် နိမ့်ပါးနိုင်ကြောင်းနဲ့ ဒီအခြေအနေကိုသိပေမယ့်လည်း ဒေသတွင်းအောင်မြင်မှုရဖို့ လုပ်ဆောင်နေရတဲ့ ဒီနှစ်ခုကြားမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အန်တွန်နီဟေးက ပြောပါတယ်။

Photo - MFF

 

မြန်မာအသင်းကတော့ အောက်တိုဘာလထဲမှာ ဖီဖာအသိအမှတ်ပြု ခြေစမ်းပွဲ ၂ပွဲကစားဖို့ရှိပြီး တစ်ပွဲကတော့ ပြီးခဲ့တဲ့ ၁၀ ရက်နေ့က အင်ဒိုနီးရှားနဲ့ ကစားခဲ့ပြီး ၃ ဂိုးပြတ်ရှုံးခဲ့ပါတယ်။

အောင်သူ မပါရင် တိုက်စစ် အားနည်းတယ်လို့ ဝန်ခံခဲ့တဲ့ မောင်မောင်လွင် 

လက်ကျန် တစ်ပွဲကိုတော့ မနက်ဖြန် ၁၃ ရက်နေ့မှာ ဘိုလီးဗီးယားအသင်းနဲ့ ဆက်လက်ကစားဖို့ရှိပြီး ခြေစွမ်းအရ နှစ်သင်းကြား ကွာခြားချက် ကြီးမားလွန်းပါတယ်။

Photo - MFF

 

ဘိုလီးဗီးယားအသင်းက တောင်အမေရိက အသင်းပီပီ မြန်မာအသင်းထက် ကမ္ဘာ့အဆင့်ရော ခြေစွမ်းပိုင်းရော သိသိသာသာမြင့်မားနေတဲ့ အနေအထားမှာ မြန်မာအသင်းအတွက် အနိုင်ရဖို့ အင်မတန် ခက်ခဲပါတယ်။

ဒီလို ဖီဖာအသိအမှတ်ပြု ခြေစမ်းပွဲတွေမှာ နိုင်ပွဲမရ၊ရဂိုးမရရင် ဖီဖာက လအလိုက် သတ်မှတ်ပေးနေတဲ့ ကမ္ဘာ့ အဆင့် ရပ်တည်မှုလည်း ထိခိုက်နိုင်ပါတယ်။

Photo - MFF

 

ဒီအခြေအနေက မြန်မာအသင်းအတွက် ဘယ်လောက်အရေးပါလဲဆိုတာကိုတော့ နည်းပြ အန်တွန်နီဟေးက အခုလို သုံးသပ်ပေးခဲ့ပါတယ်။

“ကမ္ဘာ့အဆင့်ရပ်တည်မှုက အတိအကျ အရေးကြီးပါတယ်။အထူးသဖြင့် အခုလို ခြေစမ်းပွဲမျိုးတွေမှာ ရှုံးနိမ့်ရင် ရမှတ်တွေဆုံးရှုံးပြီး ဖီဖာ အဆင့်ကျမယ်ဆိုတာလည်း သိရပါတယ်။ဒါပေမယ့် ကျွန်တော့်အနေနဲ့ မြန်မာအသင်း ကို ကိုင်တွယ်ရာမှာ အသင်းမှာရှိတဲ့ လူငယ်တွေ ပွဲကောင်းအတွေ့အကြုံ ပိုရလာဖို့ကိုလည်း ဂရုပြုရတယ်။ အသင်းခြေစွမ်းတက်လာဖို့လည်း ကြိုးပမ်းနေရတယ်။ဒေသတွင်းမှာ အောင်မြင်နိုင်ဖို့အတွက်ကလည်း အသင်း ကြီးတွေနဲ့ ခြေစမ်းမှ အတွေ့အကြုံကောင်းတွေရပြီး ပြင်ဆင်မှုအားကောင်းနိုင်မှာပါ။ ဒီနှစ်ခုကြားထဲက အသင်း ကို ကိုင်တွယ်ရတာ အရမ်းကို ခက်ခဲပါတယ်။” လို့ အန်တွန်နီဟေးက ပြောပါတယ်။

အန်တွန်နီဟေးအနေနဲ့ မြန်မာနိုင်ငံကိုရောက်ရရှိပြီးနောက် လက်ရွေးစင်အသင်းကို ၂ ပွဲကိုင်တွယ်ထားပြီး ၂ပွဲ စလုံးအရေးနိမ့်ထားပါတယ်။

ပထမဆုံး ကစားခဲ့တဲ့ တရုတ်နဲ့ ပွဲမှာ ၁ ဂိုးဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပြီး အင်ဒိုနီးရှားနဲ့ ပွဲမှာလည်း ၃ ဂိုးပြတ်ရှုံးနိမ့်ထားကာ လက်ရွေးစင်အသင်းနဲ့အတူ ရမှတ်အပြင် ရဂိုးပါ လုံး၀ မရရှိသေးပါဘူး။

မြန်မာအသင်းကတော့ လက်ရှိ စက်တင်ဘာလအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာတော့ ရမှတ် ၁၀၉၂ မှတ်နဲ့ ကမ္ဘာ့အဆင့် ၁၃၈ မှတ်ရပ်တည်နေပြီး ဘိုလီးဗီးယားအသင်းကတော့ ရမှတ် ၁၃၇၈ မှတ်နဲ့ ကမ္ဘာ့ အဆင့် ၅၈ မှာရပ်တည်နေတာကြောင့် နှစ်သင်းကြား ကမ္ဘာ့အဆင့် ၈၀ ကွာခြားနေပါတယ်။

Share

Loading Next Article...
က္က